ဟိုတယ်အောင်ပန်းပြိုကျမှုတွင် အမျိူးသမီးသေဆုံးမှု ၃ ဦးအထိရှိလာပြီး၊ ၂၅ ဦးဆေးရုံတင်ထားရ
…………………….
ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/1ACRdfTxYQ/
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျသွားခဲ့သော Hotel Aung Ban အတွင်းမှ အမျိုးသမီး ၃ ဦးသေဆုံးပြီး၊ အမျိုးသမီး ဆေးရုံတင်ထားရသူ ၁၇ ဦး နှင့် အမျိုးသား ဆေးရုံတင်ထားရသူ ၈ ဦးရှိပြီ ဖြစ်ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းထံသိရသည်။
” အထဲမှာပိတ်မိနေတဲ့လူ အများကြီးရှိ သေးတယ်လို့သိရတယ်၊ အထဲမှာလူ ရှိနေသေးတော့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက အပျက်အစီး တွေကို ဖြေးဖြေးချင်း ဖယ်နေတာကို တွေ့ရတယ်၊ အားလုံး ဘေးကင်းကင်း နဲ့ အပြင်ထုတ်နိုင်ပါစေလို့ ဆုတောင်း ပေးနေပါတယ်” ဟု အောင်ပန်းမြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
အပျက်အစီးကြားပိတ်မိနေသူများကို တာ၀န်ရှိသူများ၊ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များ ညမိုးလင်းပေါက် ကူညီပေးခဲ့ကြပြီး ယခုအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်မတ်လ(၂၈)ရက်နေ့လည် (၁၂)နာရီ (၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်က ၇.၇ပြင်းအားရှိသော ပြင်းထန်ငလျင်ကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး၊ တောင်ကြီး၊ အောင်ပန်း၊ ညောင်ရွှေ၊ အင်သလေးဒေသရှိ ဟိုတယ်၊ နေအိမ် ပြိုကျခြင်းများ ရှိပြီး ထိခိုက်သေဆုံးသူအများအပြားရှိနိုင်ကြောင်း သိရသည်။
#PPV 003
#သဘာဝဘေး
#ဟိုတယ်အောင်ပန်း
#သေဆုံးမှု
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။