ပင်လောင်းမြို့နယ် ရေအေးရွာတွင် ငလျင်ဒဏ်ကြောင့် နေအိမ်ကိုးလုံးပျက်စီးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
…………………
ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅

https://www.facebook.com/share/p/191ResEy8f/

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဘန်းဖြားကျေးရွာအုပ်စု ရေအေးရွာတွင် ငလျင်ဒဏ်ကြောင့် လူနေအိမ်ကိုးလုံးပျက်စီးခဲ့ပြီး ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံသိရသည်။

ထိုဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရသည့်ဒေသဖြစ်ပြီး သဘာဝဘေးကြုံတွေ့နေရသော်လည်း သတင်းအချက်အလက် လက်လှမ်းမီရန်ခက်ခဲသည့်ဒေသဖြစ်သည်။

‘’အခက်ခဲက များတယ်၊ ရွာမှာဖုန်းလိုင်းမရဘူး ဖုန်းဆက်ဖို့ဆိုရင် တောင်ပေါ်ထိသွားရတယ်၊ ကားလမ်းတော့ ကောင်းပါတယ်၊ ငလျင်ကြောင့် အိမ်တွေပျက်စီးကုန်ပြီဗျ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ငလျင်ကြောင့် ဒေသခံတစ်ဦးသည် ဦးခေါင်းနှင့်ခါးတွင် ဒဏ်ရာရရှိခဲ့ပြီးမြို့ရှိ ဆေးရုံးသို့ ဆေးကုသမှုခံယူ နေကြောင်းသိရသည်။

ငလျင်ကြောင့်ပျက်စီးသွားသည့်နေအိမ်များအတွက် ပြန်လည်ထူထောင်ရေးအတွက် အကူညီလိုအပ်ကြောင်းသိရသည်။

‌မြန်မာနိုင်ငံတွင်မတ်လ(၂၈)ရက် နေ့လည် (၁၂)နာရီ (၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်က ၇.၇ပြင်းအားရှိ‌သော ပြင်းထန်ငလျင်ဖြစ်ပွားခဲ့ပြီစ နိုင်ငံတဝှမ်း ထိခိုက်သေဆုံးမှအများအပြားရှိခဲ့သည်။

#ppv002
#သဘာဝဘေး
#ငလျင်
#နေအိမ်ပျက်စီး
#ပင်လောင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။