ငလျင်သင့်ပြည်သူများအတွက် အခမဲ့ဆေးကုသပေးမည် ဖြစ်ကြောင်း (MNDAA) ထုတ်ပြန်
…………………..
ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/18wATmj25h/
ငလျင်သင့်ဒေသမှ လူနာများကို ကူညီကယ်ဆယ်ရန် အထူးဒေသ(၁)ကျန်းမာရေးဌာနနှင့် အခြားသက်ဆိုင်ရာ ဌာနများ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှ အသင့်ပြင်ထားပြီး အခမဲ့ဆေးကုပေးမည်ဟု (MNDAA)မှ ထုတ်ပြန် ထားသည်။
မတ်လ(၂၈)ရက် မွန်းလွဲပိုင်းက အားပြင်းသော ငလျင်ဒဏ်ကြောင့် မန္တလေးစစ်ကိုင်းနှင့် စပ်ဆက်ဒေသများမှ ထိခိုက်ဒဏ်ရာရရှိသူများကို (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးဆေးရုံကြီးတွင် အခမဲ့ဆေးကုသပေးမည် ဖြစ်ကြောင်း (MNDAA)မှ ထုတ်ပြန်ထားသည်။
“MNDAAဘက်က ဆေးအခမဲ့ ကုသပေးဖို့ ထုတ်ပြန်ထားသလို ဒေသခံကျွန်တော်တို့လည်း ငလျင်သင့်သူများကို ကူညီနိုင်ဖို့ တတ်နိုင်သလောက် ပြင်ဆင်ကြတယ်။ အခုဆို ငလျင်ဘေးသင့်သူများအတွက် သွေးလိုအပ်ရင် အဆင့်သင့်ပေးနိုင်ဖို့ စာရင်းတွေ ပေးထားကြတာတေွ လည်း ရှိတယ်။ အဲ့လိုပဲ ကိုယ်တိုင်ကိုယ်ကျ အလှူငွေတွေလည်း ပါဝင်ကြတာ ရှိတယ်”ဟု လားရှိုးဒေသခံက ပြောသည်။
ထို့အပြင် ငလျင်ဘေးသင့်ပြည်သူများကို ကူညီနိုင်ရန်အတွက် လူအင်အား၊ ဆေးပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကိုလည်း အဆင်သင့်ပြင်ဆင်ထားရှိကြောင်း MNDAA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လ(၂၈)ရက်နေလယ်ပိုင်းတွင် ပြင်းအား(၇.၇)ရှိသော ငလျင်လှုပ်ခတ်မှုကြောင့်ရှမ်းမြောက်၊ ရှမ်းတောင်မှာ ထိခိုက် ပျက်စီးမှုများစွာ ရှိသကဲ့သို့ မန္တလေး စစ်ကိုင်း တို့တွင်လည်း လူထိခိုက်သေဆုံးမှု များစွာ ရှိပြီး ယခုချိန်ထိ ကူညီကယ်ဆယ်ရေး လုပ်ငန်းများစွာ လိုအပ်နေဆဲ ဖြစ်ကြောင်းသိရသည်။
#PPV0011
#MNDAA
#သဘာဝဘေး
#ငလျင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။