ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅

အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ဒေသခံများအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများအတွက် အရေးပေါ်လိုအပ်နေကြောင်း မတ်လ(၂၉) ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် မတ်လ(၂၈)ရက်နေ့၌ ပြင်းအား ၇.၇ရှိသည့် မြေငလျင်လှုပ်ခပ်မှုကြောင့် နမ်းပန်ကြာတောရွာအပါအဝင် ၎င်းအနီးတစ်ဝိုက်ရှိ ကျေးရွာများသည်လည်း ရွာလုံးကျွတ်နေအိမ်ပျက်စီးသွားရကြောင်း သိရသည်။

“အရေးပေါ်လိုအပ်တာဆိုလို့ နေ့ဖို့ရယ်၊ စားဖို့သောက်ဖို့တွေပေါ့၊ တစ်ချို့ကတော့စက်လှေပေါ်မှာပဲနေကြတယ်၊ တစ်ချို့ကကုန်းပေါ်ရွာတွေရဲ့ ဘုန်းကြီးကျောင်းမှာ ပြောင်းနေကြပြီထင်၊ အိမ်လိုက်ပြိုကျသွားတာဆိုတော့ တော်တော်များများက ဘာဆိုဘာမှမရှိတော့ဘူး” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နမ်းပန်အနီးတစ်ဝိုက်ရှိကျေးရွာတော်တော်များများသည် နေအိမ်ပြိုကျမှုအဖြစ်များပြီး ကေလာ၊ ရွာမ၊ ဇရပ်ကြီးစသည့်ရွာမှာက လူအသေအပျောက်လည်းများကြောင်း ၎င်းကပြောသည်။

နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက “အင်းထဲမှာမနေ့က အများကြီးသေကြတယ် တစ်ချို့ကခုချိန်ထိရှာလို့မတွေ့သေးဘူး အိမ်တွေကရေထဲမှာဆောက်ထားတော့ ပိုဆိုးသွားတာထင်တယ်၊ အခုတော့စားဖို့သောက်ဖို့ရော နေထိုင်ဖို့ရောဘာမှမရှိတော့ဘူး”ဟု ပြောသည်။

အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများနေပြီး လက်ရှိအချိန်တွင် ကူညီကယ်ဆယ်ရေးအတွက်လည်း အကူအညီများလိုအပ်နေကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ထိခုက်သေဆုံးမှုများသော်လည်း လက်ရှိချိန်ထိအတိအကျစာရင်းမရရှိသေးပါ။

#PPV007
#အင်းလေး
#သဘာဝဘေး
#နေရာထိုင်ခင်းလိုအပ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။