ငလျင်ဒဏ်ကြောင့် သေဆုံးသူ(၁)ထောင်ကျော် ရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်
…………………
ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅

https://www.facebook.com/share/p/1BkkUG9vE6/

ငလျင်ဒဏ်ကြောင့် နိုင်ငံတဝှမ်းတွင် သေဆုံးသူ တစ်ထောင် ကျော် ရှိကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ မတ်လ(၂၉)ရက်က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ ကောက်ယူထားသည့် စာရင်းအရ နိုင်ငံတဝှမ်း ငလျင်ဒဏ်သင့်ဒေသရှိ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း(၁၀၀၂) ဦး၊ ဒဏ်ရာရရှိသူ စုစုပေါင်း (၂၃၇၆)ဦးနှင့် ပျောက် ဆုံးနေသူ (၃၀)ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

​ပြင်းအားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ဆိုးရွားစွာ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိစာရင်းအရ မန္တလေးတိုင်းတွင် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး ယနေ့မနက်ပိုင်းထိ သေဆုံးသူ (၆၉၄)ဦးရှိပြီး ဒဏ်ရာရသူ (၁၆၇၀)ဦးအထိ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတဝှမ်းနီးပါး ငလျင်ဒဏ်ကို ခံစားရပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းတောင်တို့တွင် ထိခိုက်ပျက်စီးမှုများပြီး ကူညီကယ်ဆယ်ရေး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

#PPV0011
#သဘာဝဘေး
#ငလျင်
#ထိခိုက်သေဆုံး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။