ငလျင်ဒဏ်ကြောင့် မောက်မယ်မြို့ ရှေးဟောင်းဘုရား ဦးခေါင်းတော်ကျိုးကျမြေခ
………………
ခမ်းသားငေါဝ်း
မတ်လ ၂၈၊ ၂၀၂၅

https://www.facebook.com/share/p/19QgMxEyWa/

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့တွင် ငလျင်ဒဏ်ကြောင့် ရှေးဟောင်းဘုရား ဦးခေါင်းတော်ကျိုးကျမြေခခဲ့ရကြောင်း ဒေသခံထံသိရသည်။

ငလျင်ဒဏ်ကြောင့် မောက်မယ်မြို့ရှိ သမိုင်းဝင်မောက်စံကျောင်းက ရှေးဟောင်းဘုရားဆင်းတု တော် သုံးဆူအနက် တစ်ဆူ၏ ဦးခေါင်းတော်နဲ့ ကျောင်းဝင်းထဲရှိ စေတီပါ ထီးတော်မြေခခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင်ကျောင်းကန်ဝင်းအတွင်းရှိ စေတီ ၂ ဆူ၏ ထီးတော် လည်းမြေခခဲ့ရပြီး နေအိမ်အဆောက်အဦးအချို့နှင့် အုတ်တံတိုင်းများထိခိုက်ပျက်စီးမှုလည်းရှိကြောင်းသိရသည်။

ဈေးတန်းရပ်ကွက်(အောက်ချိုင့်) မြေကွဲအက်မှုဖြစ်ပြီး ရေတွေပန်းထွက်လာသလို မြို့တွင်းစီးဆင်းသည့် ချောင်း ၃ ချောင်း ရေများနှောက်နေကြောင်းသိရသည်။

ငလျင်လှုပ်သည့်အချိန် ကျောင်းပေါ်အိပ်နေစဉ် တုတ်တန်းပြိုကျလို့ သက်ကြီးတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရြောင်းသိရသည်။

photo CJ

#မောက်မယ်
#ဘုရားဦးခေါင်းတော်မြေခ
#ppv002