ငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးသွားသည့် နန်းပန်းရွာ ဒေသခံများနေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်
…………………
ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅

https://www.facebook.com/share/p/19RP5wFTYR/

ပင်လောင်းမြို့နယ်၊ နန်းပန်းရွာတွင် ငလျင်ဒဏ်ကြောင့် ဒေသခံနေအိမ်များထိခိုက်ပျက်စီးသွားသဖြင့် ယခုချိန်တွင် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်း မတ်လ(၂၉)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းပန်းကျေးရွာတွင်မတ်လ ၂၈ ရက်ကလှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် စာသင်ကျောင်းအပါ ဒေသခံနေအိမ် (၁၄၀)နီးပါးထိခိုက်ပျက်စီးခဲ့ရပြီး (၅)နှစ်ဝန်းကျင် ကလေးနှစ်ဦးလည်းသေဆုံးခဲ့ရကြောင်း သိရသည်။

“အိမ်ပျက်သွားတဲ့ထဲမှာ လုံးဝနေလို့မရတော့တဲ့အိမ်တွေလည်းရှိတယ် ဘယ်နှအိမ်လည်းတော့ သေချာမသိဘူး၊ ကလေးလည်းနှစ်ယောက်သေသွားတယ်၊ တစ်ချို့အိမ်တွေကအကုန်မပြိုပေမဲ့ အက်ကွဲနေတော့ မနေရဲကြသေးဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ငလျင်ဒဏ်ကြောင့် ကလေးနှစ်ယောက်သည် တစ်ယောက်ကပွဲချင်းပြီးသေဆုံးသွားပြီး တစ်ယောက်ကဆေးရုံကိုအချိန်မှီမပို့နိုင်သဖြင့် ဆုံးသွားရကြောင်း ဒေသခံအချို့လည်းထိခိုက်ဒဏ်ရာရသဖြင့် ဆေးကုသမှုခံယူနေရသူများလည်းရှိကြောင်းသိရသည်။

“ရွာမာကပုံသေစီးပွားရေးက လက်ဖက်ပဲရှိတာ အဲ့တာတောင် လက်ဖက်ခြံကအိမ်တိုင်းမရှိ၊ စီးပွားရေးမကောင်းတဲ့ကြား အခုလိုထပ်ဖြစ်သွားတော့ ထမင်းအိုး၊ ပန်းကန်၊ အခြေခံစားသောက်ကုန်တွေကအစအကူညီလိုတယ် တစ်ချို့ကယာယီတဲအိမ်တွေဆောက်ပြီးမှနေရတာ” ဟု၎င်းကဆက်ပြောသည်

နန်းပန်းလုံးပင်ရွာတွင် နေအိမ်(၂၄)လုံး၊ နန်းပန်းမြောက်ရွာနေအိမ် (၃၉)လုံး၊ နန်းပန်းတောင်ရွာ (၁၅)လုံး၊ နန်းပန်းညောင်ပင်ရွာ (၂၉)လုံး၊ ဘူးဝါးရွာ (၂၇)လုံး၊ မူကြိုကျောင်းဆောင်တစ်လုံး စာသင်ကျောင်းတစ်ခု ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ဖော်ပြပါသတင်းအချက်အလက်များသည် ခမ်းသားငေါဝ်းမှ လက်လှမ်းမှီသလောက် ရရှိထားသည့် အချက်အလက်များသာဖြစ်ပြီး မြေပြင်၌ ဒီထက်မကများနိုင်ပါသည်။

photo cj

#PPV007
#သဘာဝဘေး
#နန်းပန်းရွာ
#ပင်လောင်း
#ငလျင်
#နေအိမ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။