ငလျင်ဒဏ်ကြောင့်ဆီဆိုင်မြို့ပေါ်ရှိလူဦးရေတစ်ထောင်ငါးရာနှင့်ကျေးရွာအချို့တွင်ရေအခက်အခဲကြုံနေရ
………………………
ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅

https://www.facebook.com/share/p/1HjsnZ4rzY/

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရှိလူဦးရေတစ်ထောင်ငါးရာနှင့်ကျေးရွာအချို့တွင်ရေအခက်အခဲကြုံနေရကြောင်းမတ်လ၂၉ရက်နေ့တွင်သိရသည်။

“မြို့ပေါ် ၆ ရပ်ကွက်နဲ့ဘုရားဖြူ၊ဟော်တောင်၊ဟော်မြောက် ဝါးတောကျေးရွာကပြည်သူတွေရေအခက်အခဲကြုံရတယ် မြို့ပေါ်မှာအဝိစီတွင်းရေတူးပြီးရေရောင်းတဲ့သူရှိတယ်၊ တစ်ချို့ကအဲ့ကနေဝယ်ယူပြီးသုံးကြတယ်”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်း ကိုပြောသည်။

မတ်လ ၂၈ ရက်နေ့လယ်ပိုင်းတွင်ပြင်းအား ၇.၇ ရှိသောမြေငလျင်လှုပ်ခတ်မှုဒဏ်ကြောင့်ဆီဆိုင်မြို့တစ်ခုတည်းသောရေထွက်တွင်ရေထွက်အားသိသိသာသာလျော့နည်းသွားပြီးရေစစ်ကန်သို့ရေများဝင်ရောက်နိုင်မှုမရှိကြောင်းသိရသည်။

“ယခုလောလောဆယ်မှာဆရာတော်ကြီးရဲ့သြဝါဒခံယူပြီးလက်ထောက်ဆရာတော်နဲ့ရပ်ကွက်ပြည်သူတွေရေထွက်ကရေကိုအမှီပြုနေရတဲ့ရွာကပြည်သူတွေနဲ့တာဝန်ရှိတဲ့ဌာနဆိုင်ရာကအချို့ရေထွက်ကိုရေအားပြန်လည်ကောင်းမွန်လာစေဖို့ဝိုင်းဝန်းဆောင်ရွက်နေကြပါတယ်”ဟု၎င်းကဆက် ပြောသည်။

အထက်ပါဆီဆိုင်မြို့နယ်ရှိရပ်ကွက်များမှာအောင်သပြေ၊ မဂ်လာ၊ သီရိ၊ ဟိုခဲ၊ မြကန်သာ၊အောင်ချမ်းသာရပ်ကွက်များဖြစ်ကြောင်းသိရသည်။

#PPV-009
#သဘာဝဘေး
#ဆီဆိုင်
#ရေအခက်ခဲ

photo credit

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။