NLD အစိုးရသည် စစ်တပ်ရဲ့ ၂၅ ရာခိုင်နူန်းကိုသာ တိုက်ခိုက်ရင်း (၅)နှစ် အချိန်ကုန်သွားကြောင်း ဝါဒဖြန့်ချိထားသည့် PNO ပြည်သူ့စစ်၏ သတင်းပြန်ကြားရေး

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်
(Fact Check) ခမ်းသားငေါဝ်း /MFCN/The Red Flag

Fact Check – အချက်လက်စစ်ဆေးခြင်း

မြန်မာနိုင်ငံသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည် အကြောင်းပြပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ အရေးပေါ်အခြေအနေ ထုတ်ပြန်ကာ အာဏာသိမ်းယူခဲ့ပြီး ယနေ့ထိတိုင် ၄ နှစ်ကျော်လာခဲ့ပြီးဖြစ်ပါသည်။

စစ်တပ်၏လက်အောက်ခံ အဖွဲ့အစည်းဖြစ်သည့် ပြည်သူ့စစ်အဖွဲ့များသည်လည်း အာဏာသိမ်းယူသည့် စစ်တပ်ဘက်မှနေ၍ ထောက်ခံနေမှုများလည်း ရှိနေပါသည်။ ၎င်းပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် PNO ပြည်သူ့စစ်သည် စစ်တပ်မှ အာဏာမသိမ်းခင် NLD အစိုးရ၏ ၅ နှစ်တာ ကာလ အမျိုးသားရေး လုပ်ဆောင်မှုကို ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။

“ NLD အစိုးရဟာ နိုင်ငံတော်နဲ့ လူထုအကျိုးပြုလုပ်ငန်းကို မလုပ်ဆောင်ဘဲ လွှတ်တော်ထဲမှာ နိုင်ငံရေး ကလဲ့စာချေမှုတွေ လုပ်ဆောင်နေရင်း အချိန်ကုန်သွားတယ် လွှတ်တော်ထဲမှာ အမျိုးသား ပြန်လည်သင်မြတ်ရေးကိစ္စကို မလုပ်ဆောင်နေဘဲ တပ်မတော်ကို အဓိက တိုက်ခိုက်ခဲ့တယ် ၂၀၀၈ အခြေခံဥပဒေရဲ့ တပ်မတော် ၂၅ ရာခိုင်နူန်းကိုသာ အသားပေးတိုက်ခိုက်နေရင်း ၅ နှစ်သာ အချိန်ကုန်သွားတယ် ” လို့ PNO ပြည်သူ့စစ်ရဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်ဆန်းအောင်က အွန်လှိုင်း ယူကျူ့ပလက်ဖောင်းမှ တဆင့် စစ်တပ်ကို ကာကွယ်ကာ ပြောဆို ပေးထားပါတယ်။

ထိုအကြောင်းအရာကို PNO ပြည်သူ့စစ်ရဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်ဆန်းအောင်၏ ကိုယ်ပိုင် ယူကျူ့ ချာနယ်မှ ပြောဆိုထားခြင်းဖြစ်ပြီး မတ်လ ၁၉ ရက်နေ့တွင် ဗီဒီယိုဖိုင်ဖြင့် ပြောကြားထားပါသည်။ ထိုပြောဆိုမှုကို ခမ်းသားငေါဝ်း အချက်လက်စစ်ဆေးနေချိန်၌ ကြည်ရှူ့သူ ၂၁၀၀ ကျော် ရှိနေပြီးဖြစ်ပြီး မှတ်ချက်ပေးသူ ၂၉ ခုအထိ ရှိနေပြီး ဖြစ်ပါသည်။

သတင်းပြောဆို ဖြန့်ဝေထားသည့် လင့် – https://archive.ph/TDE1G

ထိုပြောဆိုခဲ့သည့် အကြောင်းအရာများကို Myanmar Fact-checking Network (MFCN) အဖွဲ့ဝင် ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့မှ အရေးကြီးသည့် စကားလုံးကို အသုံးပြုပြီး Google Search တွင် ရှာဖွေစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးသည့်အခါ PNO ပြည်သူ့စစ် သတင်းပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည့်အချက်မှာ မှတ်တမ်းပြုစုစိစစ်ထားခြင်းမရှိဘဲ စစ်တပ်ကို ကာကွယ်ပြောဆိုလိုသည် ဆန္ဒဖြင့် NLD ကို စွပ်စွဲပြောဆိုထားသည့် သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

သတင်းစစ်ဆေးချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အစိုးရ တာဝန်ထမ်းဆောင်ခဲ့ သည့် ၅ နှစ်တာ ကာလအတွင်း လုပ်ဆောင်ခဲ့မှူ များထဲမှ လူထုအကျိုးပြုနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စများ ဆောင်ရွက်ခဲ့မှုများကို စိစစ်ခဲ့ပါသည်။

ISP Myanmar Peace Desk ၏ မှတ်တမ်းပြုစုထားသော NLD အစိုးရ၏ ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိ ၅ နှစ်တာ ကာလ တာဝန်ယူ ဆောင်ရွက်ခဲ့မှုများဖြစ်သည့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး နိုင်ငံတကာဆက်ဆံရေးနှင့် ဥပဒေ စည်းမျဥ်းစည်းကမ်းများ စသည့်တို့ကို ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့မှုကို တွေ့ရှိရပါသည်။ ဒါအပြင် NLD ပါတီအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)ကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်ချမ်းရေးဗဟိုဌာန (NRPC) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ၂၀၁၆ မှ ၂၀၂၀ သြဂုတ်လ အထိ ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး NCA လက်မှတ်နှင့် JICM တွင် တရား၀င်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ခဲ့မှုများကို အောက်ပါလင့်တွင် အပြည့်အစုံ ဖတ်ရှု့နိုင်ပါသည်။

ဖတ်ရှု့ရန် လင့် – https://ispmyanmarpeacedesk.com/cool_timeline/nld-%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%81%e1%80%b1%e1%80%90%e1%80%ba/

NLD အစိုးရလက်ထက်တွင် NLD ပါတီအနေဖြင့် အစိုးရ တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် တပ်မတော်နှင့် သင့်မြတ်ရေးသည် အဓိက အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေသည်။ NLD အစိုးရနှစ်နှစ်ခွဲကျော် သက်တမ်းအတွင်း NLD ဘက်က အမျိုးသား ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းမှုတွေ ရှိနေသော်လည်း တပ်မတော်ဘက်က လိုက်လျောမှု နည်းပါးသောကြောင့် အစိုးရနှင့် တပ်မတော် ဆက်ဆံရေးက အောင်မြင်ဖြစ်ထွန်းမှု နည်းပါးကြောင်းကို ““အစိုးရနဲ့ တပ်မတော် ဆက်ဆံရေးက NLD အစိုးရအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ စိတ်ဓာတ်နဲ့ တပ်မတော်ကို ပြဿနာ တော်တော်များများမှာ တော်တော်လေး လိုက်လျောမှုရှိစွာ ဆက်ဆံခဲ့ပါတယ်။ ဒါတင်မကဘူး။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေး ဖြစ်လာတဲ့အခါမှာ တစ်ပြည်လုံးရဲ့ အချုပ်အ ခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ထားတဲ့ တစ်ချိန်တည်းမှာ တပ်မ တော်ကိုလည်း NLD အစိုးရဘက် ကနေပြီးတော့ ကာကွယ်ရပ်ခံမှုတွေ ရှိနေပါတယ်။ အဲဒီလို ရှိနေတဲ့ အ ခြေအနေအောက်မှာ တစ်ဖက်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆိုင်တဲ့ အဆိုတွေကိုတောင် စစ်တပ်ကနေ လွှတ်တော်ထဲမှာ ကန့်ကွက်တာတွေ ရှိပါတယ်။ အဲဒီတော့ ပြောချင်တာက NLD က အမျိုးသားရင်ကြားစေပေမဲ့ တပ်မတော်ရဲ့ လိုက်လျောမှုကတော့ အတော်နည်းပါးတယ်။ ဒါကြောင့်မို့ အဲဒါကလည်း အောင်မြင်ဖြစ်ထွန်း တိုးတက်မှု နည်းတယ်လို့ ပြောချင်တယ်” ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က Eleven Media မှာ ပြောကြားထားပါသည်။

ဖတ်ရှု့ရန် လင့် – https://news-eleven.com/news/684

RFA ၏ ဖော်ပြချက်တွင် NLD အစိုးရသည် ငြိမ်းချမ်းရေးနှင့် တခြားကိစ္စများကို ဦးစားပေးခဲ့တာကြောင့် ၅ နှစ်အတွင်းမှာ မီဒီယာအတွက် မျှော်လင့်သလောက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးလို့ DVB သတင်းဌာနရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးတိုးဇော်လတ်၏ ပြောကြားတွင်မှာလည်း NLD အစိုးရက ငြိမ်းချမ်းရေးတွင် ပိုမိုလုပ်ဆောင်နေကြောင်း ဖော်ပြထားပါသည်။

ဖတ်ရှု့ရန် လင့် – https://www.rfa.org/burmese/program_2/nld-government-media-sector-01242021035144.html

သုံးသပ်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၅) နှစ်တာ အစိုးရ တာဝန်ထမ်းဆောင်ခဲ့သည်မှာ သတင်းမှန် ဖြစ်ပါသည်။

NLD အစိုးရ နိုင်ငံတော် ဦးဆောင်စဥ်ကာလတွင် စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား၊ အစိုးရအချင်းချင်းကြားတို့တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးတို့ကိုလည်း လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများကို စစ်ဆေးတွေ့ရှိရပါသည်။

PNO ပြည့်သူ့စစ်၏ သတင်းပြန်ကြားရေးမှ စွပ်စွဲပြောဆိုထားသည့် အကြောင်းအရာများသည် မှတ်တမ်းပြုစုထားသည့် အချက်အလက်များ၊ သက်သေပြချက် (သို့) ထုတ်ပြန်ချက်တို့ မပါရှိသလို ဖော်ပြထားခြင်းလည်း မတွေ့ရှိရပါ။

ထို့ကြောင့် NLD အစိုးရ တာဝန်ယူခဲ့သည့် (၅) နှစ်တာ ကာလအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် လူထုအကျိုး ပြုလုပ်ငန်းများ လုပ်ဆောင်မှုမရှိဘဲ တပ်မတော်၏ ၂၅ ရာခိုင်နူန်းကိုသာ လုပ်ဆောင်နေရင်း အချိန်ကုန်သွား ဆိုသည့် အကြောင်းအရာမှာ စွပ်စွဲပြောဆိုထားသည့် သတင်းအမှားသာ ဖြစ်ပါသည်။

သတိပြုရန်

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါန မှ သတင်းများကိုဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။ ထို့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း