ခမ်းသားငေါဝ်း

မတ် ၂၇၊ ၂၀၂၅

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ထိန်းချုပ်ဒေသ၊ မိုင်းမောခရိုင်၊ မိုင်းမောမြို့တွင် မူးယစ်ဆေးသုံးစွဲရာမှ စကားများရန်ဖြစ်ရင်း သူငယ်ချင်းဖြစ်သူကို သံချောင်းဖြင့် သေဆုံးသည်ထိ ရိုက်သတ်ခဲ့သူ ရဲဝန်ထမ်းကို (UWSA)က သေဒဏ်ချမှတ်ခဲ့ကြောင်း မတ်လ(၂၆)ရက်မှာ Wa News Landသတင်းဌာက ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူက အသက်(၂၄)နှစ်အရွယ် ချိန်ဆိုင်‌တောင်းဆိုသူဖြစ်ကာ လူသတ်မှု မကျူးလွန်ခင်ကပင် တရားဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းခိုးမှု၊ မူးယစ်ဆေးသုံးစွဲမှုအပြင် ရဲဝန်ထမ်း တစ်ဦးလည်းဖြစ်ပြီး (၂၀၂၄)ခုနှစ်၊ စက်တင်ဘာ(၉)ရက်နေ့မှာ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။

“ဒီလို သေဒဏ်ချမှတ်တာက အရင်ကလည် ဒီတိုင်းပဲ အများရှေ့လုပ်တာ‌‌ပေါ့။ တခါတည်း သတ်လိုက်တာတော့ မဟုတ်ဘူး။ နောက်ပိုင်းဘယ်လိုလုပ်လဲဆိုတာတော့ ကျွန်တော်လည်း မသိဘူးဗျ။ နောက်လူတွေ ဒီလိုထပ်မကျူးလွန်အောင် အများရှေ့မှာ သေဒဏ်ချမှတ်တာလို့ မြင်တယ်။ တချို့က မတရားဘူးလို့ ပြောတဲ့သူ ရှိသလို တချို့ကဖြစ်သင့်တယ်လို့ ပြောတဲ့သူတွေကရှိတာပဲ။ ဒီဒေသရဲ့ ဥပဒေဆိုတော့ အားလုံးက ဥပဒေဘောင်အောက်က နေထိုင်ကြမယ်ဆိုရင်တော့ ကောင်းတာပေါ့”ဟု ‌ဒေသခံ(၁)ဦးက ပြောသည်။

“ဝ”ပြည်နယ် တရားဥပဒေ၏ အခန်း(၄) ပုဒ်မ (၁၉၁)အရ ထိုသူသည် လူသတ်မှုမြောက်တာကြောင့် ပြစ်မှုကို စီစစ်ပြီး (၂၀၂၅)ခုနှစ် မတ်လထဲမှာ မိုင်းပေါက်မြို့ တရားစီရင်ရေးကွင်းမှာ သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ”ဝ”ပြည်နယ်၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့မှာ လူသတ်မှု ကျူးလွန်သူကို ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် အောက်တိုဘာလထဲမှာ သေဒဏ်ချမှတ်ခဲ့ဖူးကြောင်း ဖော်ပြထားသည်။

UWSA ထိန်းချုပ်ဒေသတွင် လူသတ်မှုကျူးလွန်သူကို လူအများမြင်ကွင်းတွင် သေဒဏ်ချမှတ်သော ဥပဒေကို ကျင့်သုံးပြီး (၂၀၂၄)ခုနှစ် ဩဂုတ်လထဲမှာ အသက်(၈)နှစ်အရွယ် ကလေးငယ်ကို လူသတ်မှု ကျူးလွန်သူကို(၂)လ အကြာမှာ သေဒဏ်ချမှတ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလမှာလည်း “ဝ”ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်းမောမြို့နယ်၊ ပန်ဝိုင်ကျေးရွာမှာ မူးယစ်ဆေးသုံးပြီး ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်ခဲ့သူ အသက်(၃၀)အရွယ် အမျိုးသား(၁)ဦးကို “ဝ”ဒေသ တရားရေးဌာနမှ သေဒဏ်ချမှတ်ခဲ့ကြောင်း (WSTV)ကဖော်ပြထားသည်။

PPV0011
ပုံ-Wa News Land
#မှုခင်း
#လူ့အခွင့်အရေး
#ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
#UWSA
#မိုင်းမောခရိုင်
#မိုင်းမောမြို့
#မူးယစ်ဆေးသုံးစွဲရာမှစကားများရန်ဖြစ်
#သူငယ်ချင်းဖြစ်သူကိုသံချောင်းဖြင့်ရိုက်သတ်
#ရဲဝန်ထမ်း
#သေဒဏ်ချမှတ်ခဲ့

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7