ပြင်းအား ၇.၇ရှိသော မြေငလျင်ပြင်းထန်စွာလှုပ်ခတ်မှု ပျက်စီးဆုံးရှုံးမှု များရှိနေ
ခမ်းသားငေါဝ်း
မတ်လ ၂၈၊ ၂၀၂၅
မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှာ ယနေ့ မတ်လ(၂၈) ရက်မှာ ၇.၇ပြင်းအားရှိသော ပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင်း ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံမှာ နေ့လည် (၁၂)နာရီ (၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်မှာ ပြင်းထန်ငလျင်ကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး၊ တောင်ကြီး၊ အောင်ပန်းတို့ရှိ ဟိုတယ်၊ နေအိမ်အပါ သဲတောင်ပြိုခြင်းများလည်း ရှိကြောင်း သိရသည်။
“တော်တော်ကြမ်းတယ်။ ကျွန်မဘဝမှာတော့ ငလျင်လှုပ်တာကြုံဖူးတာ ဒါအပြင်းဆုံးပဲ ပထမတစ်ခါလှုပ်တာ (၂)မိနစ်ဝန်းကျင်ကြာမယ်။ ဒုတိယတော့ အဲ့လောက် မကြာလိုက်ဘူး။ အိမ်ထဲကနေထွက်ပြေးရတယ်။ မြင်တွေ့နေရတာတော့ ထိခိုက်ပျက်စီးမှုလည်း တော်တော်များမယ်”ဟု ရှမ်းတောင် ဒေသခံက ခမ်းသားငေါဝ်းကို ပြောသည်။
လူမှုကွန်ရက်မှာ ဖော်ပြချက်အရ ပြင်းထန်ငလျင်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြိုရှိ အောင်ပန်းဟိုတယ် ပြိုကျသွားခြင်း၊ ဟိုပုံး မွေတော်ဘုရားပြိုကျခြင်း၊ အင်းလေး ဖောင်တော်ဦး ပြိုခြင်းအပါအဝင်၊ နေအိမ် အများအပြားပျက်စီးခြင်းများ ရှိနေကြောင်း တွေ့ရသည်။
ထို့အပြင် ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းတောင်၊ ရှမ်းမြောက် အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်တို့မှာလည်း ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရသည်။
တရုတ်နှင့် ထိုင်းနိုင်ငံမှာလည်း ငလျင်ကြောင့် တိုက်မြင့် အဆောက်အဦးပြိုကျခြင်းများ ရှိကြောင်း လူမူကွန်ရက်မှာ ဖော်ပြနေကြသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း ဆောက်လက်စအဆောက်အဦးပြိုကျခဲ့ကြောင်းသိရသည်။
ပြင်းထန်ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အသေးစိတ် မသိရသေးပါ။
#PPV0011
#သဘာဝဘေး
#ငလျင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။