ပင်လောင်းတွင် အရွယ်ရောက်ပြီး အမျိုးသမီးများကို PNOပြည်သူ့စစ်က စစ်သင်တန်းပေး

ခမ်းသားငေါဝ်း
မတ် ၂၈၊ ၂၀၂၅

ပင်လောင်းမြို့နယ်တွင် အရွယ်ရောက်ပြီးအမျိုးသမီးများကို PNOပြည်သူ့စစ်က စစ်သင်တန်းပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသ၊ တွီးမွူးရွာတွင် အသက် ၁၈ မှ အသက်၂၇ နှစ်အတွင်းရှိ အမျိုးသမီးများကို PNO ပြည်သူ့စစ်က စစ်သင်တန်းတက်ခိုင်းပြီး ရှေ့တန်းပို့မည်ကို စိုးရိမ်နေကြသည်။

“သင်တန်းကပေးပြီးပြီ ရွာမှာရှိတဲ့အမျိုးသမီးအကုန် တက်ရတယ်။မတက်လို့မရဘူး။ခုတက်ပြီးပြီဆိုတော့ ရှေ့တန်းပို့ခံရမှာကြောက်ကြတယ်။တစ်ချို့ဆို PNOက လာခေါ်ပြီး အင်းလေးဖက် စံကားဖက်၊ဆောင်းပြောင်းဖက် နယ်မြေလုံခြုံရေးအတွက် ကားနဲ့ ပတ်တာ လိုက်ရတယ်”ဟု ရွာခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယင်းစစ်သင်တန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး PNO ပြည်သူ့စစ်ဖက် တိုက်ပွဲအတွေ့အကြုံရှိသူက လာရောက်သင်ပေးခဲ့ကြောင်းသိရသည်။

အမျိုးသမီးအပြင် အမျိုးသားများလည်းတက်ရပြီး အမျိုးသားတစ်ချို့သည် ရှေ့တန်းပို့ခံရကြောင်း သိရသည်။

တွီးမွူးရွာအပြင် တီကျစ်ဒေသရှိ ကျေးရွာများတွင် လစဉ် လစဉ် ကျေးရွာအလိုက် အမျိုးသမီးများကို PNOပြည်သူ့စစ် စစ်သင်တန်းတက်ရောက်ရန် အမိန့်ဖြင့် ခေါ်ယူမှု ရှိနေကြောင်းသိရသည်။

#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အမျိုးသမီးအရေး
#ပင်လောင်းမြို့နယ်
#တီကျစ်ဒေသ
#တွီးမွူးရွာ
#အမျိုးသမီးများစစ်သင်တန်းတက်ရ
#ရှေ့တန်းပို့မည်ကိုစိုးရိမ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7