နောင်ချိုတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ(၄)ဦးသေဆုံးပြီး(၄) ဦး ဒဏ်ရာရရှိ
ခမ်းသားငေါဝ်း
မတ်လ ၂၈၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLAထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ရှိ ရွာများသို့ စစ်ကောင်စီလေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄)ဦး သေဆုံးပြီး(၄)ဦး ဒဏ်ရာရကြောင်း မတ်လ (၂၇)ရက်က TNLA မှ ထုတ်ပြန်ချက် အရသိရ သည်။

မတ်လ(၂၆)ရက် ည(၆)နာရီခွဲအချိန်တွင် နောင်ချိုမြို့နယ် အုမ္မခါး၊ သုံးဆယ်နှင့် ရွှေညောင်ပင်ကျေးရွာအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာ(၂)စီးဖြင့် ဗုံး(၅)ကြိမ် လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် သုံးဆယ်ရွာမှ အမျိုးသား(၂)ဦး အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး အုမ္မခါးကျေးရွာ ဒေသခံ(၄)ဦးလည်း ဒဏ်ရာရခဲ့သည့်အပြင် ပြည်သူ နေအိမ်အများအပြား ဗုံးစထိမှန် ပျက်စီးသွားကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ(၁၆)ရက်ကနောင်ချိုမြို့ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ပြည်သူ(၉)ဦးသေဆုံးကာ (၁၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLAမှ အမြဲတမ်း အသိပေးထုတ်ပြန်ထားသည်။

#PPV0011
#Humanright
#TNLA
#ရှမ်းမြောက်
#နောင်ချို

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။