ဒီးမော့ဆို အနောက်ဖက်ခြမ်း ဓာတ်ဆီဆိုင်မီး လောင်မှုဖြစ်ပွား
ခမ်းသားငေါဝ်း
မတ်လ ၂၈၊ ၂၀၂၅
ဒီးမော့ဆို အနောက်ဖက်ခြမ်း ပဆေးလာ ဈေးတန်းရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်ယ မီးလောင်ကျွမ်းသွား ကြောင်းဒေသခံ တစ်ဦးထံမှသိရသည်။
ကရင်နီ(ကယား)ပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်း ပဆေးလာဈေးရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်သည် ယနေ့ မနက် ၈ နာရီ အချိန်ခန့်က မီးလောင်ကျွမ်းသွားသည်။
” မီးကအကြီးကြီး လောင်နေတာ၊ ဘာလို့လောင်တာလည်း တော့ အတိအကျမသိရဘူး၊ တစ်ယောက်တစ်မျိုးပြောနေကြတာပဲ၊ လူထိခိုက်မှုတော့ မရှိဘူး လို့သိရတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း ဒီးမော့ဆိုအနောက်ဖက်ခြမ်းတွင် တောမီးမှတစ်ဆင့် ဆီဆိုင်တစ်ခု မီးလောင်ကျွမ်းခဲ့ပြီး သိန်း ၂၀၀၀ တန်ဖိုးခန့် မီးလာင်ပျက်စီးသွားခဲ့ ကြောင်းသိရသည်။
#PPV 003
#မီးလောင်မှု
#ဒီးမော့ဆို
#အနောက်ခြမ်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။