စစ်ကောင်စီတပ်သား ၄ ဦး KNDF ထံ ဘက်ပြောင်းခိုလှုံလာ
ခမ်းသားငေါဝ်း
မတ်လ ၂၈၊ ၂၀၂၅

ကရင်နီအမျိူသား ကာကွယ်ရေးတပ် KNDF အမှတ် ၅ တပ်ရင်း တာ၀န်ယူထားသည့် ရှေ့တန်းနယ်မြေသို့ မတ်လ ‌‌‌‌‌‌‌‌၂၆ ရက်နေ့တွင် စစ်ကောင်စီ ၏ တပ်ဖွဲ့ဝင် ၄ ဦိး MA 1 သေနတ် တစ်လက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာခဲ့ ကြောင်း KNDF အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားသည်။

ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၄ ဦးထဲမှ ၃ ဦးသည်ပြည်သူ့စစ်မှုထမ်း များဖြစ်ပြီး ‌‌‌‌၁ ဦးသည် တံသေ တပ်သားဖြစ် ကြောင်းသိရသည်။

အဆိုပါတပ်သားများသည် အတင်းအဓမ္မစုဆောင်းခံရသူများဖြစ်ပြီးစစ်ကောင်စီသင်တန်းပို့ချသည့်ကာလများတွင်လည်း ထွက်ပြေးရန်အကြိမ်ကြိမ် ကြိုးစားခဲ့သာ်လည်း လွတ်မြောက်ခဲ့ခြင်းမရှိဘဲ ရှေ့တန်းမြေပြင်သို့ အဓမ္မ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီဘက်တွင် အထိနာလာပြီး တပ်သားအင်အားပြတ်လပ်လာ ခြင်းကြာင့် မတရာဖမ်းဆီးလူသစ်စု ဆောင်းမှုများပြုလုပ်လာကာ မတရားဖမ်းဆီးခံရသူများလည်း ထွက်ပြေးဘက်ပြောင်းခိုလှုံ သူများ ပိုမိုများပြားလာကြောင်း KNDF အမှတ် ၅ ကဆိုသည်။

ဘက်ပြောင်းခိုလှုံလာသော စစ်ကောင်စီ တပ်ဖွဲ့၀င် ၄ ဦးကို KNDF အမှတ် ၅ တပ်ရင်း မှ သက်ဆိုင်ရာငှာနသို့ ပို့ဆောင်ပြီး လုံခြုံဘေးကင်းစွာ စောင့်ရှောက်ထားကြောင်းသိရသည်။

ကျန်ရှိ နေသော စစ်ကောင်စီလက် အောက်တွင် တာ၀န်ထမ်းဆောင်နေသည့် တပ်ဖွဲ့၀င်များအနေဖြင့်လည်း အာဏာရှင်စစ်ကောင်စီ ကိုကျောခိုင်းပြီး ပြည်သူလူထုအားမျက်နှာမူကာ လာရောက်ပူး ပေါင်းကြရန် KNDF အမှတ်၅ တပ်ရင်းက တိုက်တွန်းထားသည်။

#PPV 003
#စစ်ရေး
#ဘက်ပြောင်းခိုလုံ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။