မတ်လ ၂၈၊ ၂၀၂၅
https://www.facebook.com/share/p/162QSXxHQz/
ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသရှိ ကျေးရွာ များတွင် ငလျင်ဒဏ်ကြောင့် လူ ၃၀ ကျော် အထိ သေဆုံးမှုရှိကြောင်း ဒေသခံတစ်ဦးထံမှသိရှိရပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကေလာ၊ ကြာတော ၊ ဟဲယာရွာမ ၊ သလဲဦးအင်း ၊နန်းပန် ကျေးရွာ၌ ယနေ့ နေ့လယ် ပိုင်း အချိန်၌ ငလျင်ဒဏ် ပြင်းအား ၇.၇ ဖြင့် လှုပ်ခတ် မှုကြောင့် ထိခိုက်သေဆုံးသူ (၃၀) ကျော်အထိ ရှိကြောင့်သိရသည်။
“အိမ်ကအမေလည်း လန့်သွားတာပေါ့ ၊အကုန်လုံးကကြောက်နေကြတာကော၊ လူတွေလဲသေတယ်ဆိုတော့ ၊ လျှပ်စစ်မီးလည်းဖြုတ်ထားရတယ်၊ ကြာတောနဲ့ကေလာ က လူသုံးဆယ်ကျော်၊ကလေးလူကြီးလူလတ် ၊ ဇရပ်မှာ လူသေအပြည့်ဘဲ ၊အိမ်ပြိုကြတော့ပိသေတာ”ဟု ဒေသခံတစ်ဦးမှခမ်းသားငေါဝ်းကို ပြောသည်။
၎င်း ငလျင်လှုပ်ရှားမှုကြောင့် အင်းလေးဒေသရှိ ဖော်တော်ဦးစေတီဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်များနှင့် ဘာသာရေးအဆောက်အအုံးများ ပျက်ဆီးပြီး လူထိခိုက်သေဆုံးသူများ ရှိကြောင်းသိရသည်။
#ppv013
#သဘာဝဘေး
#ငလျင်
#အင်းလေး
#သေဆုံး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။