ငလျင်ဒဏ်ကြောင့် တောင်ကြီး ရပ်တော်မူ ဘုရား ခြေရင်းတော် အနည်းငယ် ထိခိုက်မှု ရှိ
………………….
ခမ်းသားငေါဝ်း
မတ်လ ၂၈၊ ၂၀၂၅

https://www.facebook.com/share/p/18Z2ecKKCV/

ယနေ့ ၇ ဒသမ ၇ လှုပ်ခတ်သွားသည့် ပြင်းထန်ငလျင်ဒဏ်ကြောင့် တောင်ကြီးမြို့ ရပ်တော်မူ ဘုရား ခြေရင်းတော် အနည်းငယ် ထိခိုက်မှု ရှိကြောင်း သိရသည် ။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ရပ်တော်မူ ဘုရားကြီး အတွင်း အလှူပွဲ ကျင်းပနေချိန် ငလျင် လှုပ်ခတ်ခြင်း ကြောင့် အပြင် ထွက်ပြေးကြ ရကြောင်း သွားရောက် ကိုယ်တိုင်ကြုံတွေ့သူက ပြောသည် ။

ရပ်တော်မူ ဘုရားကြီး ခြေရင်းတော် နှစ်ဖက် အနောက်ဖက်တို့ တွင် အက်ကွဲမှုရှိသည်ကိုလည်း မြင်​ပြီး ငလျင် လှုပ်ယမ်းခြင်းကြောင့် ဘုရား လက်တော် နှင့် အဆောက်အဦ တိုင်ကို ထိခိုက်မိသဖြင့် ပျက်စီးမှု လည်း ရှိခဲ့ကြောင်း သိရသည် ။

ထို့အ​ပြင် တောင်ကြီးမြို့ အိုးရှင်းစင်တာကသည် ငလျင်ကြာင်အက်ကွဲကြောင်းလိုက်ပြီး လက်ရှိတွင်ယာယီပိတ်ထားကာ လမ်းများ ပိတ်ထားပြီး သွားလာခွင့် ယာယီ ကန့်သတ်ထားကြောင်း သိရသည်။

တောင်ကြီးမြို့ ရှိ အထပ်မြင့် တွင် နေထိုင်ကြသူများသည် အောက်ထပ် မြေညီထပ် ဆင်းလာကြပြီး စုဝေးကာ အခြေအနေ ကို စောင့် နေကြသည် ကိုလည်း မြင်တွေ့ ရသည် ။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး ၊ မုံရွာ ပရိဘောဂ အရောင်းဆိုင် တိုက်တန်းတွင်လည်း ပြိုကျ ပျက်စီးမှု ရှိသဖြင့် စည်ပင် ဝန်ထမ်းများ ရှင်းလင်းရေး ဆောင်ရွက်နေရကြောင်း

တောင်ကြီးမြို့ပြင် ကားလေးကွင်း တွင်လည်း တောင်ပေါ် မှ မြေကြီး ကျောက်တောင် ပြိုကျ သဖြင့် လူနေဆိုင်ခန်း တချို့ နှင့် မော်တော်ကား တချို့ ထိခိုက်ခဲ့သည်။

‌မြန်မာနိုင်ငံတွင် ယနေ့ နေ့လည် (၁၂)နာရီ (၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်မှာ ပြင်းထန်ငလျင်ကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး၊ တောင်ကြီး၊ အောင်ပန်းတို့ရှိ ဟိုတယ်၊ နေအိမ်အပါ သဲတောင်ပြိုခြင်းများလည်း ရှိပြီး လူထိခိုက်မှုရှိသော်လည်းအသေးစိတ်အတည်မပြူနိုင်သေးပါ။

#ppv006
#သဘာဝဘေး
#ငလျင်
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။