ခမ်းသားငေါဝ်း
မတ် ၂၆၊ ၂၀၂၅
(UWSA)ထိန်းချုပ်ထားသည့် မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့တွင် ဝက်ဝံကိုက်ခံရပြီး အသက်(၇)နှစ်အရွယ် ကလေးငယ်(၁)ဦး သေဆုံးသွားကြောင်း ဒေသတွင်း သတင်းဌာန Wa News Land ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ(၂၂)ရက်မှာ ကလေးငယ်က ဝက်ဝံကိုအစာသွားကျွေးရာမှ ကလေး၏ လက်ကို နေရာမှာတင် ဆွဲကိုက်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
“ပြောမယ်ဆို ဒါကို သင်ခန်းစာယူသင့်တယ်။ ကလေးမိဘရော၊ ကလေးကို တိရိစ္ဆာန်ဥယာဉ်ကို ခေါ်သွားဖြစ်ရင်လည်း ကိုယ့်ကလေးကို သေချာလေး ပြောပြတတ်ဖို့ပေါ့။ ကျွန်မ၏ သူငယ်ချင်းအဖေဆိုလည်း ဟိုးငယ်ငယ်က သူပဲမွေးလာတဲ့ ဝက်ဝံက ကြီးလာတော့ အရိုင်းစိတ်ဝင်ပြီး သူ့သခင်ကို ပြန်ကိုက်သတ်တာ” ဟု ဝက်ဝံကိုက်သတ်ခြင်း ဖြစ်စဉ်ကို ကြုံဖူးသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ဝက်ဝံကိုက်ခံရသော ကလေး၏ ညာဘက် လက်မောင်းထိပြတ်ထွက်သွားခဲ့ပြီး နီးစပ်ရာ မိုင်းပေါက်ဆေးရုံသို့ ပို့ခဲ့သော်လည်း ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။
PPV0011
ပုံ-အွန်လိုင်း
#မှုခင်း
#UWSA
#မိုင်းပေါက်ခရိုင်
#မိုင်းပေါက်မြို့
#ဝက်ဝံကိုက်ခံရ
#ဒေသတွင်းသတင်းဌာန
#Wa News Land
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7