ခမ်းသားငေါဝ်း
မတ်လ ၂၆၊ ၂၀၂၇
ဖုန်းတာဝါတိုင်သာရှိပြီး ဖုန်းလိုင်းအင်တာနက်လိုင်း ပြတ်တောက်နေ၍ ပင်လောင်းမြို့နယ် စိန်ပန်းရွာဒေသခံများ အခက်ခဲဖြစ်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်မော်ကျေးရွာအုပ်စု စိန်ပန်းရွာတွင် ဖုန်းတာဝါတိုင်ရှိပြီး ဖုန်းလိုင်းအင်တာနက်လိုင်း ပြတ်တောက်နေ၍ ဒေသခံအရေးပေါ်ကြုံတွေ့ပါက အခက်ခဲရှိနေကြောင်း ဒေသခံထံ သိရသည်။
‘’ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တာ နှစ်လ လောက်ရှိပြီ သူတို့ဖွင့်ချင်တဲ့အချိန်မှဖွင့်တာ၊ ရွာသားတွေရဲ့စိတ်ကို ကစားချင်သလိုပဲ၊ ရွာသားအခက်ခဲရှိရင်ချက်ချင်းမရ စီးပွားရေးလည်းနောက်ကျ၊ ကုန်ပစ္စည်းဈေးလည်း မသိ၊ အဲတာတွေအခက်ခဲကြုံရတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဖုန်းလိုင်း အင်တာနက်လိုင်းမရ၍ လိုင်းသုံးချင်ပါက မိနစ်၂၀ ကြာတောင်ပေါ်တက်ပြီးသုံးနေရသလို တီကျစ်ဒေသသို့သွားပါကလည်း ၆ မိုင်ကွာဝေးကြောင်းသိရသည်။
စိန်ပန်းရွာသည် တီကျစ်ဒေသ အရှေ့ဘက်ရှိ လွယ်မောကျေးရွာအုပ်စုတွင် တည်ရှိကြောင်းသိရသည်။
ထိုဒေသတွင် မိုင်တဲဖုန်းတာဝါတိုင်သာရရှိပြီး လိုင်းကိုလည်း ရချင်သည့်အချိန်ရပြီး မရသည့်အချိန်ပိုများလာကြောင်းသိရသည်။
#ppv002
#social
#စိန်ပန်းရွာ
#ဖုန်းလိုင်းအင်တာနက်လိုင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။