ခမ်းသားငေါဝ်း
မတ် ၂၆၊ ၂၀၂၅
ဖယ်ခုံမြို့ ပြည်သူနေအိမ်အတွင်းရှိ တန်ဖိုးရှိသောပစ္စည်းများကို ဒေသခံအချို့က စစ်ကောင်စီနှင့် ပူးပါင်းပြီး သယ်ယူကြကာ ပင်လောင်းဖက်တွင် ပြန်ရောင်းနေကြကြောင်း ဒေသခံထံမှသိရသည်။
ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့တွင် နေရပ်ပြန်မလာနိုင်ကြသေးသောပြည်သူအချို့ နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို ဒေသခံအချို့က စစ်ကောင်စီနှင့် ပူးပေါင်းပြီး သယ်ယူကာ ပင်လောင်းဖက်တွင် ပြန်လည်ရောင်းချနေသည်။
“ကောင်းနေသေးတဲ့အိမ်တွေဆို အကုန်ဖောက်၀င် ရှိသမျှ ပစ္စည်းတွေယူသွားတယ်၊ နောက်ဆုံး စတီး၊ ခြံတံခါးတွေအစဖြုတ်ယူသွားတယ်၊ ပင်လောင်းဖက်ကို ကားနဲ့ တင်သွားကြတယ်၊ မနေ့ကတောင် ကားတစ်စီးအပြည့် ပစ္စည်းတွေ တင်သွားတာတွေ့တယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ခိုးယူ သယ်ဆောင်သွားသော ပစ္စည်းများကိုလည်း စစ်ကောင်စီက သယ်ယူခွင့်ပေးထားကြောင်းသိရသည်။
“ပိုင်ရှင်အစစ်တွေ လာယူရင် စစ်ကောင်စီက ပေးမသယ်ဘူး၊ ပြီးရင် သူတို့ နဲ့ ပူးပေါင်းတဲ့ လူတွေ ခိုးတာတဲ့ဟာတွေ အကုန် ပေးဖြတ်ကြတယ်” ဟု ၎င်း ကဆက်ပြောသည်။
ဖယ်ခုံမြို့ကို ပြန်လာနေထိုင်နိုင် ကြောင်းစစ်ကောင်စီက ပြောဆိုထားပြီး ပြည်လည်နေထိုင်လိုသူများအနေဖြင့် ပင်လောင်းရှိ လ၀က ရူံးတွင် ထောက်ခံစာယူရမည်ဖြစ်ကြောင်းသိရသည်။
PPV 003
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့
#ပြည်သူနေအိမ်အတွင်း
#တန်ဖိုးရှိသောပစ္စည်းများ
#ပင်လောင်းဖက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7