ခမ်းသားငေါဝ်း
မတ် ၂၆၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ၃၆ နှစ်ကြာ ဝင်ရောက်ကျူးကျော်တပ်စွဲထားသည့် ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မတ်လ ၂၆ ရက်တွင် KNU က ထုတ်ပြန်ထားသည်၊၊

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ခလယ်ဒေးတပ်စခန်းအား မတ်လ ၂၅ ရက်တွင်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်၊၊

ထိုတပ်စခန်းအားကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂)နဲ့ တပ်ရင်း (၂၄)တို့ ပူ့ပေါင်းပြီးသိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊

၄င်းတပ်စခန်းသည် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၌ ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေးဆိုသည့် ရည်ရွယ်ချက်နှင့်တည်ဆောက်ခဲ့သည့် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်၊၊

စခန်းစတင်တည်ဆောက်သည့် အချိန်ကစပြီး ဒေသခံပြည်သူများ လွတ်လပ်စွာ လှုပ်ရှားသွားလာနေထိုင်လုပ်ကိုင်စားသောက်ခွင့် ကန့်သတ်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်၊၊

PPV001
ပုံ- KNU
#ထိုင်း-မြန်မာနယ်စပ်
#ကရင်ပြည်နယ်
#ကရင်အမျိုးသားအစည်းအရုံး
#KNU
#ကော်သူးလေအုပ်ချုပ်နယ်မြေ
#ဖားအံခရိုင်
#လှိုင်းဘွဲမြို့နယ်
#ခလယ်ဒေးတပ်စခန်း

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7