ခမ်းသားငေါဝ်း

မတ် ၂၅၊ ၂၀၂၅

ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအချို့တွင် မတ်လ(၂၄)ရက်နေ့မှစကာ မတ်လ(၃၀)ရက်နေ့အထိ အချိန်ခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ကြောင်း (NUG)လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မတ်လ(၂၄)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ယခုတစ်ပတ်အတွင်းမိုးအခြေအနေသည် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဒေသအချို့၌ မတ်လ(၂၄)ရက်နှင့် (၂၅)ရက်နေ့တွင် နေ့အပူချိန်အနည်းငယ်ပြန်ကျလာသော်လည်း ကျန်ရက်များမှာ ပုံမှန်အပူချိန်ထက် ပြန်လည်မြင့်တက်လာနိုင်ကြောင်း သိရသည်။

မတ်လ(၂၅)ရက်နေ့တွင် တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အများအားဖြင့် ရာသီဥတုသာယာနိုင်ကြောင်းဆိုထားသည်။

ထို့အပြင် မတ်လ(၃၀)ရက်နေ့မှာလည်း ရှမ်းပြည်နယ်အပါအဝင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

#PPV007
#Photo: onlin
#မိုးလေဝသ
#ရှမ်းပြည်နယ်အပါအဝင်
#မြန်မာနိုင်ငံဒေသအချို့
#အချိန်ခါမဟုတ်
#မိုးထစ်ချုန်းရွာနိုင်
#NUG
#လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7