ခမ်းသားငေါဝ်း
မတ် ၂၅၊ ၂၀၂၅

မိုးဗြဲတွင် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများနေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဖက်မှ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေပြီး တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကာ တိုက်ပွဲအတွင်း နှစ်ဖက်လုံး ထိခိုက်ကျဆုံးမှု များနေသည်။

” တိုက်ပွဲက အရမ်းကြမ်းနေတယ်၊ စစ်ကောင်စီဖက်ကလည်း သေတာတွေများတယ်၊ တော်တော်လေးအထိနာ‌နေပြီ၊ ကျွန်တော်တို့ဘက်မှာလည်း ပေးဆပ်လိုက်ရတာတွ များတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီ ၏ လက်နက်ကြီးနှင့် ဒရုန်းများကြောင့် တော်လှန်ရေးအင်အားစုများဖက်မှ ထိခိုက်မှုများနေကြောင်းသိရသည်။

“ကျွန်တော်တို့ဘက် ထိသွားတာတွေအများစုက လက်နက်ကြီးနဲ့ ဒရုန်း‌ကြောင့်ပါ ၊ မိုင်းထိပြီးတော့ ဒဏ်ရာရသွားကြတာလည်းများတယ်၊ စစ်ကောင်စီကတော့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တွေ အဆမတန် အသုံးပြုပြီး စစ်ကြောင်းထိုးနေတာ” ဟု ၎င်းကဆက် ပြောသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများ အသုံးပြုပြီးအကြိမ်ကြိမ်စစ်ကြောင်းထိုးနေသော်လည်း တော်လှန်ရေးအင်အားစုများ၏ ခုခံစစ်ကို မကျော်ဖြတ်နိုင်ပဲ တိုက်ပွဲအတွင်း အထိနာနေသည်။

PPV 003
Photo crd
#ရှမ်း-ကရင်နီနယ်စပ်
#မိုးဗြဲမြို့
#ပြန်လည်ထိန်းချုပ်နိုင်ရန်
#စစ်ကြောင်းထိုးမှုများ
#ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ
#တိုက်ပွဲအတွင်းနှစ်ဖက်လုံးထိခိုက်ကျဆုံးမှုများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7