ခမ်းသားငေါဝ်း

မတ် ၂၅ ၊ ၂၀၂၅

ဖယ်ခုံမြို့ရှိနေရပ်ပြန်စစ်ရှောင်များအတွက် ပင်လောင်း-ဖယ်ခုံကုန်စိမ်းအသွားအပြန် ရောင်းဝယ်သူများကို စစ်ကောင်စီဂိတ်က ပေးမသယ်သဖြင့် ဒေသခံများက အခက်အခဲများဖြစ်နေကြကြောင်း မတ်လ(၂၅)ရက်နေ့တွင် စစ်ဘေးရှောင်သူထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်တို့တွင်ရောက်ရှိသော ဖယ်ခုံဒေသခံများကို စစ်ကောင်စီက ယခုလဆန်းပိုင်းတွင် နေရပ်အတင်းပြန်ခိုင်းသဖြင့် ဒေသခံအများအပြားနေရပ်ပြန်နေထိုင်ကြပြီး ပစ္စည်းသယ်ယူခွင့်ကို စစ်ကောင်စီကပိတ်ပင်ထားသော ကြောင့်အခက်အခဲများဖြစ်နေရသည်ဟု သိရသည်။

“အခုကစစ်ကောင်စီနဲ့ပေါင်းတဲ့ Lucky Shanလိုင်းကားအဖွဲ့ကလွဲရင် ကျန်တာအကုန်သူတို့ပေးမသယ် တော့ဘူး၊ ကုန်စိမ်းသယ်တဲ့ကားတွေ ရေသန့်ကားတွေကအစပေါ့ ဂိတ်တွေမှာဆိုလည်း အစစ်ဆေးအရမ်းကြမ်းတယ်၊ နင်တို့က PDFတွေနဲ့ဆက်စပ်နေတာလား၊ ဆေးပျားသယ်လာတာလား စသဖြင့်အမျိုးမျိုးစစ်မေးတယ်” ဟုပင်လောင်းမြို့ရောက် ဖယ်ခုံစစ်ရှောင်တစ်ဦး ခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းမှ ဖယ်ခုံသို့သွားရာလမ်းတစ်လျောက်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် စစ်ဆေးရေးဂိတ် စုစုပေါင်း(၁၄)ဂိတ်ရှိပြီး စစ်ဆေးရေးဂိတ်အားလုံးသည်လည်း စစ်ဆေးမှုကြမ်းကာ ကားပေါ်၌ ပစ္စည်းအများကြီးသယ်လာပါ သိမ်းယူသွားခြင်းလည်းရှိကြောင်း သိရသည်။

“အခုဖယ်ခုံမှာပြန်နေတဲ့လူဆို တစ်ချို့ကနေအိမ်မီးထဲပါသွားတာတွေ နေအိမ်ထဲပစ္စည်းသူခိုးအကုန်မသွားတာတွေအများကြီးပဲ ထိုင်ငိုတဲ့လူကငို ကျွန်မတို့ဆိုလည်း နေအိမ်မရှိတော့ဘူး၊ အခုကလိုင်းကားတွေသွားခွင့်မရတော့ လူတွေကကုန်စိမ်းသယ်ရောင်းတဲ့ သူတွေကိုပဲနေ့တိုင်းမျှော်နေကြတာ စားဝတ်နေရေးအတွက် အဆင်မပြေကြတော့ဘူးလေ၊ စစ်ကောင်စီလက်အောက်ခံ ရောင်းတဲ့ပစ္စည်းတွေဆို ဈေးက၂ဆကျော်လောက်ကွာနေတာ့ သူတို့တမင်လုပ်စားနေတယ်ပြောရမလားပဲ” ဟု၎င်းကဆက်ပြောသည်။

ဖယ်ခုံတွင်စစ်ကောင်စီကနေရပ်အတင်းပြန်ခိုင်းသော်လည်း နေအိမ်မီးလောင်ပျက်စီးသွားသည့် ဒေသခံများအတွက် တစ်စုံတစ်ရာပြန်လည်လုပ်ဆောင်ပေးခြင်းလည်းမရှိသေးကြောင်း သိရသည်။

နေရပ်မပြန်နိုင်သေးသည့်စစ်ရှောင်များကိုလည်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက မတ်လကုန်ထိ နေရပ်အကုန်ပြန်ကြရန် လိုက်လံပြောဆိုနေဆဲဖြစ်ကြောင်းသိရသည်။

#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့ရှိနေရပ်ပြန်စစ်ရှောင်များအတွက်
#ပင်လောင်း-ဖယ်ခုံ
#ကုန်စိမ်းရောင်းဝယ်သူများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7