ခမ်းသားငေါဝ်း
မတ် ၂၅၊ ၂၀၂၅
ဝမ်စိမ်းတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူဟု ယူဆရသည့် တရုတ်လူမျိုး အယောက်(၂၀)ကျော်ကို မတ်လ (၂၄)ရက်က ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ် ဝမ်စိမ်းရွာတွင် မည်သည့်နေရာမှ ရောက်လာသည်ကို မသိရသော မြန်မာစကားမတတ် တရုတ်လူမျိုး ရွာအတွင်းထိ ဈေးဝယ်လာရာမှ SSS နှင့် စစ်တပ်ပူးပေါင်းကာ ဖမ်းဆီးရမိကြောင်း ဒေသခံထံမှ သိရသည်။
“မိန်းကလေးရော ကလေးလည်းပါတယ်။ ယောင်္ကျားလေးတွေတော့ အများစုပဲ။ အယောက်(၂၀)ကျော်လောက်တယ်။တာဝန်ရှိသူတွေလိုက်ဖမ်းတော့ ထွက်ပြေးကြတယ်။ ရွာထဲထိ တရုတ်ငွေလာလှဲပြီး ဈေးဝယ်ကြတယ်။ ဘယ်ကနေပေါ်လာမှန်း မသိဘူး။ တရုတ်စကားပဲ တတ်တယ်။ EPC ရုံးနောက် တောထဲမှာ အများကြီးဖမ်းမိတယ်လို့ ပြောတယ်။ ကျားဖြန့်လုပ်တဲ့သူ ထွက်ပြေးလာကြတယ်လို့ ထင်တာပဲ” ဟု ဒေသခံ(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထို့အပြင် မိုင်းနောင်မြို့နယ် ဝမ်စိမ်းဒေသခံများ တောင်ယာလုပ်ကိုင်သည့် နေရာတွင်လည်း မတ်လ(၂၄)ရက်က ဒေသခံများတောင်ယာမှ အပြန် တရုတ်လူမျိုး (၂)ယောက်မှ (၁)ယောက်သည် နေမကောင်းဖြစ်နေဟန်တူ အကူအညီတောင်းသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။
“ကြည့်ရတာ နင်တို့ရွာထဲ ပို့ပေးဖို့ အကူအညီတောင်းဟန်တူတယ်။ သူတို့စကားလည်း ငါတို့က နားမလည်ဘူး။ လက်ဟန်ချေဟန်နဲ့ ပြောတယ်။ ညနေပိုင်း တောင်ယာက ပြန်လာတဲ့အချိန်ဆိုတော့ ငါတို့မှာ ထမင်းလည်း မရှိတော့ဘူးဆိုတော့ ရွာထဲခေါ်ဖို့ကလည်း နောက်ဆက်တွဲ အများကြီးရှိတယ်လေ။ (၁)ယောက်က တော်တော် နေမကောင်းပုံ ဖြစ်နေတယ်” ဟု ဒေသခံ(၁)ဦးက ပြောသည်။
အလားတူ ယမာန်နေ့ မတ်လ(၂၄)ရက်မှာ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း တစ်ခုကို SSPP/SSAမှ သက်သေပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း SSPP/SSAမှ ထုတ်ပြန်ထားသည်။
SSPP/SSA တပ်ဖွဲ့သည် ၎င်းတို့ ထိန်းချုပ်နေသည့် နယ်မြေအတွင်း ကျားဖြန့်ဂိုဏ်း အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေလက်ခံမထားဖို့နှင့် လူထုအပြင် တပ်မှူး၊ ဌာနမှူး၊ အုပ်ချုပ်ရေး တာဝန်ခံ အဆင့်ဆင့်ကို ပြီးခဲ့သည့် မေလ(၁၃)ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပြီး ကျားဖြန့်လုပ်ကိုင်သူနှင့် ပါဝင်ပတ်သက်ပါက ထိရောက်စွာ အရေးယူမည်ဟု ပြောဆိုထားကြောင်း သိရသည်။
PPV0011
အုံ- SSPP/SSA
#မှုခင်း
#မိုင်းနောင်မြို့နယ်
#ဝမ်စိမ်းရွာ
#မြန်မာစကားမတတ်တရုတ်လူမျိုး
#ရွာအတွင်းထိဈေးဝယ်
#SSS
#မိုင်းရှူးမြို့နယ်
#အွန်လိုင်းငွေလိမ်ဂိုဏ်း
#SSPP/SSAမှ
#သက်သေပစ္စည်းများနှင့်အတူဖမ်းဆီးရမိ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7