ခမ်းသားငေါဝ်း
မတ် ၂၄၊ ၂၀၂၅

တောင်ကြီးမြို့ပေါ်ရှိ နွေရာသီ ကျောင်းပိတ်ချိန်ကာလအတွင်း အသက် ၁၈ နှစ်အောက်ကလေးများယာဉ်ကိုစည်းမဲ့ကမ်းမဲ့ မောင်းနှင်လာကြကြောင်း ဒေသခံဆီများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ မိန်းလမ်းပေါ်နှင့်ရပ်ကွက် လမ်းကြားတွင် အသက်မပြည့်ဘဲ ဆိုင်ကယ် ကို စည်းမဲ့ကမ်းမဲ့မောင်းနှင်းသူများလာကြောင်းသိရသည်။

“စည်းကမ်းလည်းမရှိဘူး အန္တရယ်လည်းများတယ် အရင်တစ်ခေါက်လည်း ကလေးကျောင်းဆင်းချိန် ကလေးက ရှေ့မကြည့်နောက်မကြည့်ဘဲထွက်လာတာလေ ရွလို့ပြဲလို့မောင်းနေတာ အဲ့လို့မျိုးဆိုအန္တရယ်များတယ်လေ အဲ့နေ့ဆို ကျွန်တော် မရှောင်ဘူးဆိုင် သွားပြီးဘဲ သုံးယောက်စီးလာတာ ဘာဦးထုပ်မှလည်းမပါဘူး အန္တရယ်များတယ်လေ သူတို့ဖြစ်သွားလည်းမကောင်းဘူး ခံရတဲ့သူလည်းမကောင်းဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီသူလည်းမရှိသည့်အတွက်ကြောင့် ဖမ်းမိပါကလည်း ထိရောက်စွာအရေးမယူနိုင်ခြင်းမရှိဘဲ ပိုက်ဆံဖြင့် အလွယ်တကူဖြေရှင်းနိုင်သည့်အတွက်ကြောင့် ယာဉ်မောင်းသူများ မိမိကိုယ်တိုင်းသတိထားမောင်းနှင်းရကြောင်း၎င်း ကဆက်ပြောသည်။

မြို့ပေါ်တွင်း၌ ကားမောင်းသူ တက္ကစီသမားများအနေဖြင့်လည်း ၎င်း အသက်မပြည့်သူများမောင်းနှင်းသည့်ယာဉ်ကို သတိထားရမည့်ကိစ္စဖြစ်ကြောင်းသိရသည်။

“သတိတော့ထားရတာပေါ့နော် သတိမလွှတ်ဖို့ တစ်ချက်လေးပါဘဲ ၊ ဘာမှာတော့မပြောချင်ပါဘူး သူများမိဘတွေက ဆင်ပေးထားတော့လည်း ပြောပိုင်ခွင့်မှ မရှိတာ ၊ ကျွန်တော် အတွေ့အကြုံအနေနဲ့ဆိုရင်တော့ ကြုံရတာလည်းများပြီလေ၊ ကုမ္ပဏီကားမောင်းတုန်းကပေါ့ ကျွန်တော်ကားက်ိုလာတိုက်တာ ကျွန်တော်လည်းလုပ်ပေးလိုက်ရတာပေါ့၊ ဆိုင်ကယ်ဦးထုပ်ကလည်းမပါဘူး”ဟု ကားမောင်းသူတစ်ဦးမှပြောသည်။

မိမိတို့သည် ကားမောင်းသမားဖြစ်သည့်အတွက် စိတ်လိုက်မာန်ပါလုပ်လို့မရကြောင်းနှင့် ၎င်းတို့မှာလည်း မိသားစုအခြေအနေရှိသည့်အတွက်ကြောင့်ဟု ၎င်းကဆက်ပြောသည်၊၊

တောင်ကြီးမြို့ပေါ်၌ လိုင်စင်မဲ့ယာဉ်များ မောင်းနှင်းသူနှင့် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများကို အဓိကထား မတ်လ ၄ ရက်နေ့မှ စ၍ ဖမ်းဆီးနေသော်လည်း အသက်မပြည့်သည့်ကလေးများ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မောင်းနှင်နေခြင်းများရှိနေကြောင်း သိရသည် ။

PPV0013
ပုံ-CJ
#မှုခင်း
#ယာဥ်မောင်း
#တောင်ကြီးမြို့ပေါ်ရှိ
#မိန်းလမ်းပေါ်နှင့်ရပ်ကွက်လမ်းကြား
#အသက်မပြည့်ဘဲဆိုင်ကယ်စည်းမဲ့ကမ်းမဲ့မောင်းနှင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7