ခမ်းသားငေါဝ်း
မတ်လ ၂၄၊၂၀၂၅
တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စုတွင်းရှိ ညိုမီးကျေးရွာ ၊ ဒုံခရားကျေးရွာ ၊ စသော မြို့ရှောင်လမ်း တစ်လျှောက် ရှိ မြေကွက်လွတ်များတွင် စိုက်ထားသော အိမ်ခြံတိုင်များကိုစစ်ကောင်စီအစိုးရ ပူးပေါင်း အဖွဲ့တို့ဖြင့် လာရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တောင်ကြီး ၊ မြို့ရှောင်လမ်း တစ်လျှောက် ရှိ ဒုံခရား ၊ နောင်ထလိရွာ လမ်းဘေး သွားလမ်းများနှင့်ညိုမီးရွာ ထီဖောင်း ရွာတို့တွင်ရှိသောခြံကွက်အလွတ်များ ၊ စိုက်ပျိုးခြင်း မရှိသော ခြံကွက်များ၊ လူနေထိုင်ခြင်း မရှိသော မြေကွက်လွတ်များကို သက်ဆိုင်ရာ အဖွဲ့စုံဖြင့် လိုက်လံ စစ်ဆေးပြီး မတ်လ ၂၀ ရက် နှင့် မတ်လ ၂၁ ရက် တို့တွင် တိုင်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ရှေ့ရက်တွေတုန်းက လာဖျက်သွားတာ ၊ ရဲတွေရော ထွေအုပ်ရော အစုံပါတယ်။ ပြန်သိမ်းမလား ဘာလားတော့ အသေအချာ မသိပါဘူး။ မြို့ရှောင်လမ်း တစ်လျှောက်လုံး အကုန်လုံး ဖျက်သွားတယ်။ သူတို့က ခြံကွက်ထဲမှာ အပင်စိုက်ထားတဲ့ မရှိတဲ့မြေကွက်တွေကို လိုက်ဖျက်သွားတာ ၊ အကုန်ဖျက်ထားတယ်။”ဟု ဒုံခရား ကျေးရွာသား တစ်ဦးက ပြောသည်။
ညိုမီးကျေးရွာတွင်လည်း ရွာသစ်နှင့် ရွာဟောင်းတို့တွင် နေထိုင်ကြသူများက ဘာမှ မဖြစ်ဘဲ ၊ ဘုရားကုန်း အနီးတစ်ဝိုက် တွင် ဝယ်ယူရန် မသင့်သေးကြောင်း ကျေးရွာသားများက ဆိုသည်။
ထို့ပြင် ပန်သခွား ကျေးရွာ ထီဖောင်း ကျေးရွာ တို့တွင်လည်း ခြံတိုင်များ လာရောက် ဖျက်ဆီးခြင်း ရှိကြောင်း သိရသည်။
ယခင်ကလည်း မြို့ပေါ် ရပ်ကွက် အစွန်များနှင့် ညိုမီး ရွာ တို့တွင် ကျူးကျော်များ ဖယ်ရှားပေးရန် နှစ်ကြိမ်တိုင် အသိပေးစာ ကပ်ထားခြင်းများလည်း ရှိခဲ့ဖူးကြောင်းသိရသည်။
ထို့ပြင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် ၊ ဗုဒ္ဓတက္ကသိုလ် နှင့် သိမ်တောင်တိုက်ခွဲ အကြား ရှိ တိုင်စိုက်ထားသော အကွက်များကို အိမ်ခြံတိုင်များ လာရောက် ဖျက်ဆီးထားသည်ကို မြင်ရကြောင်း သိရသည်။
#PPV-006
#မြေယာ
#တောင်ကြီး
#မြို့ရှောင်လမ်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။