ခမ်းသားငေါဝ်း
မတ် ၂၃၊ ၂၀၂၅

ပေါင်းလောင်းမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းအတွက် လစဉ်ငွေကြေးကောက်ခံနေသောကြောင်း ဒေသခံများအခက်ခဲဖြစ်နေရသည်ဟု စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် ၂၀၂၄ ခုနှစ်ကစပြီး ယနေ့ထိ လစဉ် စစ်ကောင်စီက စစ်မှုထမ်းစရိတ် တစ်အိမ်ထောင် ၃ သောင်းကျပ်ကောက်ခံနေသောကြောင့် ဒေသခံများအခက်ခဲဖြစ်လာရကြောင်း သိရသည်။

“လစဉ် လစဉ်ကောက်တယ်။ အရင်ဆို တစ်လ တစ်သောင်းခွဲဘဲကောက်တယ်။ တစ်သောင်းခွဲကနေ နှစ်သောင်း ခုဆို ၃ သောင်း တိုးကောက်ပြီ လတိုင်းဆိုတော့ အခက်ခဲဖြစ်တာပေါ့ ။ခုဆို ကုန်စျေးနှုန်းလည်းတက် စီးပွားရေးလည်းအဆင်မပြေဘူး လစဉ် လစဉ် ပုံမှန် သူတို့ကိုဘဲပေးနေရတာ”ဟု မြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုငွေကောက်ခံမှုကို အုပ်ချုပ်ရေးမှုကကောက်ခံပေးပြီး လစဉ်လစဉ် လကုန်ပြီးတိုင်း တစ်လစာ တစ်လစာ အပြီးပေးရကြောင်း ၄င်းကဆက်ပြောသည်။

ပေါင်းလောင်းမြို့သည် ကျေးရွာအုပ်စုနှစ်ခုနှင့် မြို့ပေါ်ရပ်ကွက် ၆ ခုဖြင့် ဖွဲ့စည်းထားပြီး စပါး၊သရက်သီး၊ငှက်ပျောသီး စိုက်ပျိုးခြင်းနှင့် ငါးဖမ်းခြင်း၊တေားကောင်လိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြကြောင်း သိရသည်။

#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်လောင်းမြို့နယ်
#ပေါင်းလောင်းမြို့
#လစဉ်စစ်မှုထမ်းစရိတ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။