ခမ်းသားငေါဝ်း
မတ် ၂၃၊ ၂၀၂၅

ပင်လောင်းမြို့တွင် ဆန်ကို နမူနာပြတာက တစ်မျိုးပြပြီး တကယ်ဝယ်သည့်အခါ ချပေးသည့်ဆန်အိတ်သည် နောက်ဆန် တစ်မျိုးနှင့် ချပေးကာ ကားဖြင့် လိမ်လည်ရောင်းချမှု ရှိနေကြောင်း စုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် ဆန်ကို နမူနာပြသည့်အချိန်တွင် ပေါ်ဆန်မွေးဆန်ဖြစ်ပြီး တကယ်ဝယ်ပြီး ချပေးသောအခါတွင် အိတ်ထဲရှိဆန်များသည် ကျောက်ခဲပါပြီး မကောင်းသော ဆန်ဖြစ်နေကြောင်း သိရသည်။

“နမူနာပြတာက ပေါ်ဆန်းမွေးဆန်ပြတယ်။ အိတ်တွေအများကြီးယူပြီ သူတို့ချပေးတဲ့ အိတ်တွေကျ ကျောက်ခဲပါတယ်။ မကောင်းတဲ့ဆန်တွေ ဖြစ်တယ်။အိတ်ကတူတယ် အထဲက ဆန်မတူတာ။စျေးလည်းအရမ်းတန်တော့ အများကြီးဝယ်ကြတာ အကုန်လုံး ဂျင်းထည့်ခံရတယ်။ လိမ်နည်းတွေက တော်တော်ဆိုးဆိုးဝါးဝါးဘဲ။ “ဟု အလိမ်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးကပြောသည်။

ပင်လောင်းမြို့ပေါ်အပြင် နောင်တရားမြို့ စျေးသစ်ထဲ ရောက်နေသော စစ်ရှောင်များစွာလည်း ဝယ်ယူပြီး ဂျင်းထည့်ခံရကြောင်းသိရသည်။

“သူတို့က ကားနဲ့ အဖွဲ့လိုက်အော်ပြီးရောင်းတယ်။စျေးမေးကြည့်ပြီး မဝယ်ရင်လဲ ရန်ပြန်ထောင်တယ်။လာရောင်းတဲ့သူတွေက ဗမာတွေဘဲ။”ဟု ယင်းအမျိုးသမီးကဆက်ပြောသည်။

စစ်ကောင်စီကာဏာသိမ်းပြီးနောက်တွင် ကုန်စျေးနှုန်းကြီးမြင့်လာခြင်းနှင့်အတူ အလုပ်အကိုင်လည်းရှားပါးခြင်းကြောင်း လုယက်သူ၊လိမ်လည်သူအဖြစ်လုပ်ပြီး အလွယ်လမ်းလိုက်သူပိုများလာကြောင်း သိရသည်။

#PPV005
ပုံ-အွန်လိုင်း
#မှုခင်း
#ပင်လောင်းမြို့
#နမူနာပြတာတစ်မျိုး
#နောက်ဆန်တစ်မျိုး
#ကားဖြင့်လိမ်လည်ရောင်းချမှု
#ပေါ်ဆန်းမွေးဆန်
#ကျောက်ကါသည့်ဆန်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7