ခမ်းသားငေါဝ်း
မတ်လ ၂၂၊ ၂၀၂၅
ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် အလုပ်သမားစေလွတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီဘက်မှ အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ခေါ်စာ တင်ပြရာတွင် (၁)လလျှင် အလုပ် သမား(၅၀)ဦးသာ ခွင့်ပြုတော့မည် ကန့်သတ်ချက်ကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ မတ်လ(၂၂)ရက်တွင် ထုတ်ပြန်သည်။
မြန်မာအေဂျင်စီသည် Demand Letter အား အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသို့ တင်ပြရာတွင် Demand Letter တစ်စောင်လျှင် လူဦးရေ (၅၀)ဦးထက် မပိုစေရန်နှင့် အေဂျင်စီတစ်ခုသည် (၁)လလျှင်တစ်ကြိမ်သာ တင်ပြရမည် ဖြစ်ကြောင်းဖော်ပြထားသည်။
ထိုမှတဆင့် အလုပ်သမားသံအရာရှိမှ Demand Letter မှန်ကန်မှုရှိ၊မရှိ စစ်ဆေးပြီး မှန်ကန်ကြောင်း အကြောင်းကြားလာပါက အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသည် သက်ဆိုင်ရာ မြန်မာအေဂျင်စီထံသို့ စေလွှတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခွင့်ပြုကြောင်း အကြောင်းကြားမည်ဟု ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၃၀)ရက် မတိုင်မီ စာချုပ်ချုပ်ဆိုထားသော အလုပ်ခေါ်စာတွင် အလုပ်သမား(၅၀)ဦးထက် ပိုပါက Demand Letter တွင် အလုပ်သမားအယောက်(၅၀)ဦးဖြင့် ပြန်လည် ပြင်ဆင်ကာ မတ်လ(၂၅)ရက်မှာ စပြီး ပြန်လည်တင်ပြရမှာ ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၏ Demand Letter အသစ်တင်ပြခြင်းကို ၂၀၂၅ ခုနှစ် မေလ(၂)ရက်နေ့မှ စ၍ လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဂျပန်၊ ကိုးရီးယား၊ စင်ကာပူ၊ မလေးရှားနှင့် အခြားနိုင်ငံများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအသစ် ပြဌာန်းချက် တွင် လူငယ်အမျိုးသား အသက်(၁၈) နှစ်မှ (၃၅)နှစ်အထိနှင့် အမျိုးသမီးအသက်(၁၈)နှစ်မှ (၂၇)နှစ်အထိ စစ်မှုထမ်းရမည် ဖြစ်ပြီး စစ်မှုထမ်း ဆင့်ခေါ်ခံထားရသည့် လူငယ်များကိုလည်း ပြည်ပနိုင်ငံ ထွက်ခွာခွင့်ကို ပိတ်ပင်ထားသည်။
#PPV0011
#ရွေ့ပြောင်းလုပ်သား
#MOU
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။