ခမ်းသားငေါဝ်း
မတ်လ၂၂၊ ၂၀၂၅
ဖယ်ခုံအနောက်ဖက်ခြမ်းတွင် တောင်ယာမီးရှို့ရာမှ ထွက်လာသည့်မီးခိုးငွေ့များကို ရှုရှိုက်မိ၍ သက်ကြီးရွယ်အိုအချို့ အသက်ရှုလမ်းကြာင်းဆိုင်ရာ ရောဂါများ ဖြစ်ပွား နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအနောက်ဖက် ခြမ်းရှိကျေးရွာများတွင် ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ရန် တောမီးရှို့ခြင်းများပြုလုပ်နေပြီး မီးခိုးငွ့များကိုရှူရှိုက်မိ သော သက်ကြီးရွယ်အိုအချို့ အသက်ရှူလမ်းကြာင်းဆိုင်ရာရောဂါများဖြစ်ပွား နေသည်။
” ပြီးခဲ့တဲ့ ရက်တွေက ဒီဖက်ရွာတစ်ကြော တောင်ယာ မီးရှို့ကြတယ်၊ အဲ့ရက်တွေဆို အဲ့မီးခိုးငွေ့ တွေနဲ့ပဲ ပါတ်၀န်းကျင်တစ်ခုလုံး ပိတ်နေတာ၊ ပြာအမှုန်လေး တွေလည်းပါတယ်၊ အဲ့ဒါတွေကို ရှုမိလို့ထင်ပါတယ်၊ သက်ကြီးပိုင်းတွေ အသက်ရှူကျပ်တာ၊ ချောင်းဆိုးတာတွေ ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
တောမီးရှို့ ခြင်း၊ တောင်ယာမီးရှို့ ခြင်းများသည် လေထုကို ညစ်ညမ်းစေပြီး သစ်တောများ ပျက်စီးစေသောကြောင့် ဆင်ခြင်သင့် ကြောင်းဒေသခံအချို့က တောင်းဆိုထားသည်။
ရွေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းသည် တောကျေးရွာဓလေ့တခုဖြစ်ပွားနေသလို ထိုသို့ပြုလုပ်သည်မှာ သစ်တောပြုန်းတီးမှုလည်းဖြစ်စေသည့်အပြင် သဘာဝပတ်ဝန်းကျင် ကိုပါထိခိုက်နိုင်ကြောင်းသိရသည်။
photo credit
#PPV 003
#သဘာဝပတ်ဝန်းကျင်
#ဖယ်ခုံ
#ကျန်းမာရေး
#လေထုညစ်ညမ်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။