ခမ်းသားငေါဝ်း
မတ် ၂၃၊ ၂၀၂၅
စိုက်ပျိုးရာသီရောက်ခါနီး ပြောင်းမျိုးစေ့နှင့် ဓာတ်မြေသြဇာဈေးမြှင့်တက်သဖြင့် တောင်သူများအခက်တွေ့နေရကြောင်း စိုက်ပျိုးတောင်သူထံမှသိရသည်၊၊
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စိုက်ပျိုးရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် တောင်သူများ ကြိုတင်ပြီး မျိုးစေ့နှင့်ဓာတ်မြေသြဇာများ ဝယ်ယူကြရာ ယခင်နှစ်ထက်အဆမတန် ဈေးမြှင့်မားနေသဖြင့် အခက်အခဲကြုံနေရသည်၊၊
“ငွေဆယ်သိန်းကို မြေသြဇာ ၄ အိတ်နဲ့ ပြောင်းမျိုးစေ့တစ်ထုတ်ပဲရခဲ့တယ် ပြောင်းမျိုး ၆၂၅ အမျိုးအစားလေ ၂ သိန်းထိရှိတယ် ဈေးနုန်းကြားပြီးသွေးပါတက်တယ်” ဟု စိုက်ပျိုးရေးလုပ်တောင်သူအမျိုးသမီးတစ်ဦးကပြောသည်၊၊
စိုပျိုးရန်ထွန်ယှက်သည့်အခါတွင်လည်း ထွန်စက်ကြီးက တစ်နာရီ ၈ သောင်းပေးရကြောင်း ကြက်ချေးတစ်အိတ်လျင် ၁ သောင်း ရိုးရိုးမြေသြဇာတစ်အိတ် ၁ သိန်း ၄ သောင်းထိရှိကြောင်း သိရသည်၊၊
“ပြီးခဲ့နှစ်က အာမိုတစ်အိတ် တစ်သိန်းခွဲ ရိုးရိုးမြေသြဇာက ၈ သောင်းလောက်ပဲရှိအခုက ရိုးရိုးမြေသြဇာတစ်အိတ် ၁ သိန်းခွဲနီးနီးနဲ့ပေးဝယ်ရတယ် အာမိုကမဝယ်နိုင်လို့လှည့်တောင်မကြည့်ရဲတော့ဘူး”ဟု ၄င်းကဆက်ပြောသည်၊၊
ဆီဆိုင်မြို့နယ်အတွင်းရှိ အချိုသောတောင်သူများသည် စိုက်ပျိုးရေးလုပ်ရန် မျိုးစေ့နှင့်ဓာတ်မြေသြဇာနှင့်ထွန်စက်ခစရိတ်များအတွက် သီးနှံတချို့တဝက်သိုလှောင်ထားတတ်ကြသော်လည်း တိုက်ပွဲဖြစ်ပွားမည်စိုးရိမ်သဖြင့် ကုန်ထွက်သည်နှင့်ရောင်းချရသောကြောင့် ဈေးကောင်းမရခဲ့ကြောင်းသိရသည်၊၊
PPV001
ပုံ-အွန်လိုင်း
#စိုက်ပျိုးရေး
#ဆီဆိုင်မြို့နယ်
#စိုက်ပျိုးရာသီရောက်ရှိတော့မည်
#တောင်သူများ
#မျိုးစေ့နှင့်ဓာတ်မြေသြဇာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7