ခမ်းသားငေါဝ်း
မတ်လ ၂၃၊ ၂၀၂၅
လျှောက်လည်ရင်း စစ်ကောင်စီတပ် စစ်ရေးလေ့ကျင့်ရေးကွင်းမှတွေ့ရှိသည့် ဗုံးကို ပါပင်းရွာသားတစ်ဦးကောက်ယူပြီး ဘုန်းကြီးကျောင်းသို့ယူပြန်ဆော့ရာမှ ပေါက်ကွဲပြီး ဗုံးယူပြန်သည့်သူရွာသားနှင့် ကိုရင်တပါး သေဆုံးသွားကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ဗော်ဟွန်ကျေးရွာအုပ်စု ပါပင်းဘုန်းကြီးကျောင်းတွင် မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ဗုံးပေါက်ကွဲပြီး ဗုံးကောက်လာသည့်သူနှင့် ကိုရင်တပါး ပွဲချင်းပြီးသေဆုံးသွားကာ ကိုရင် ၅ ပါး ဒဏ်ရာရရှိခဲ့ကြောင်းစုံစမ်းသိရှိရသည်။
‘’ဗုံးကိုတွေ့ပြီး ယူပြန်လာတဲ့သူက အသက် ၁၅ နှစ်ဝန်း ကျင် ရွာသားပဲ၊ ပါးပင်းဘုန်းကြီးကျောင်းဝင်း ယူပြန်ပြီးဆော့ကြတာ ပေါက်ကွဲလို့ သေသွားတယ်၊ သေသွားတဲ့ ကိုရင်က အသက် ၉ နှစ်ပဲရှိသေးတယ် ”ဟုဖြစ်စဉ်သိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
သေဆုံးသွားသည့် ကိုရင်တစ်ပါးနှင့် ရွာသားတစ်ဦးသည် မတ်လ ၂၃ ရက်ကသင်ဂြိုလ်ပြီး ဒဏ်ရာရရှိသည့် ကိုရင် ၅ ပါးကို ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။
ဗုံးကို စစ်ကောင်စီတပ် စစ်ရေးလေ့ကျင့်ရေး သင်တန်းကွင်း အနောက်ဘက်တွင်တွေ့ရှိကောက်ယူပြီး ဘုန်းကြီး ကျောင်းသို့ယူပြန် ဆော့ကစားခြင်းဖြစ်ကြောင်းသိရသည်။
ဟိုပုံးမြို့တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတွင် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းဖွင့်လှစ်ထားပြီး လက်ရှိတွင် သင်တန်းအပတ်စဉ် ၁၁ အထိရှိနေပြီဖြစ်ကြောင်းသိရသည်။
#ppv002
#social
#ဗုံးပေါက်ကွဲ
#နမ့်ဗော်ဟွန်
#ပါးပင်းကျောင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။