ခမ်းသားငေါဝ်း
မတ်လ ၂၂၊ ၂၀၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ ကျိုင်းတုံ – တာချီလိတ်လမ်း ပန်ကွဲတောင်အဆင်း ပန်လော့ရွာ အထက်တွင် ဆယ်ဘီးယာဉ် တိမ်းမှောက်သဖြင့် ကားဆရာ သေဆုံး ၊ ၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း တိုင်းနေ နာရေး ကူညီမှု အသင်း ထံမှ သိရသည်။

မတ်လ ၂၀ ရက် ညပိုင်း ၆ နာရီ ၂၀ မိနစ် အချိန်တွင် ကျိုင်းတုံ – တာချီလိတ်လမ်း ပန်းကွဲတောင်အဆင်း ပန်လော့ရွာ အထက်ရွာ ၊ နတ်စင်ကွေ့ တွင် ဆယ်ဘီးယာဉ် တိမ်းမှောက်သဖြင့် ကားယာဉ်မောင်းဆရာ နေရာမှာပင် သေဆုံး၍ ၊ လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ယာဉ်မောင်းတော့ ဆုံးသွားတယ်။ လူနာတွေကို ကျိုင်းတုံ ပြည်သူ့ ဆေးရုံကြီး ပို့ဆောင်ထားပါတယ်။”ဟု ကူညီဆောင်ရွက်ပေးခဲ့သော အဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ ရှမ်းပြည် နယ် ကျိုင်းတုံမြို့ ၊ မိုင်းဇင်းအုပ်စု ၊ ပန်လော့ အထက်ရွာ ၊ နတ်စင်ကွေ့ ၊ မိုင်တိုင် အမှတ် (၄၀၃/၇) နှင့် (၄၀၄/၀) ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကာ လူညှပ်နေကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို ယာဉ်တိမ်းမှောက်ခြင်းကြောင့် ယာဉ်ပေါ်ပါ အမျိုး သား ၄ ဦး အနက် ကျား ၃ ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရပြီး) အမျိုးသား တစ်ဦးသေဆုံးကာ ၎င်းတို့အားနှလုံးလှ လူမှုကူညီရေးအသင်း နှင့် တိုင်းနေလူမှုကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မတ်လ (၁) ရက်တွင် လည်း ကျိုင်းတုံမှ တာကော်အကြား စပယ်ရှယ်တောင်တွင် Express ခရီးသည်တင် ယာဥ် ချောက်ထဲကျတိမ်းမှောက်သဖြင့် ၇ဦး သေဆုံးကာ စီးနင်းလိုက်ပါသူ ၂၅ ဦး အများအပြား ဒဏ်ရာရရှိကြောင်း လူမှုကူညီရေး အသင်းများထံမှ သိရသည်။

photo credit
#PPV-006
#မှုခင်း
#မတော်တဆ
#ကျိုင်းတုံ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။