ခမ်းသားငေါဝ်း
မတ်လ ၂၁၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အစိုးရဌာနများတွင် ၁၀၂၇ ဒုတိယ စစ်ဆင်ရေး ပဠိက္ခအတွင်းက CDM လုပ်ထားသည့် ဝန်ထမ်းများနှင့် ဌာနကင်းကွာဝန်ထမ်းများက အခြေအနေ ပြန်တည်ငြိမ်ပြီးနောက်ပိုင်း Non-CDM လုပ် မူလနေရာသို့ ပြန်ဝင်လာကြသူများ (၆)လကျော်ကြာသည်အထိ လစာမရသေးကြောင်း မတ်လ(၂၁)ရက်မှာ စုံစမ်းသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့ရှိ အချို့သော အစိုးရဝန်ထမ်းများသည် ရှမ်းမြောက် အခြေအနေမတည်ငြိမ်မှုကြောင့် သက်ဆိုင်ရာ အခြားမြို့များသို့ ပြောင်းရွှေ့မှုများရှိကာ ရှမ်းမြောက်မှ မိမိတာဝန်ကျလိုသော မြို့သို့ နေရာကျနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီး အကြီးအကဲထံ လာဒ်ထိုးမှုလည်း ရှိကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေးတုန်းက ကိုယ့်မြို့မှာ အရမ်းကြီးမဆိုးသေးပေမဲ့ ကြောက်ကြတော့ အထက်က ခွင့်ပြုချက်မရဘဲ ဌာနကင်းကွာအဖြစ် သွားကြသူ၊ နောက် CDMလုပ်သူတွေက နောက်ပိုင်း စားဝတ်နေရေးအဆင်မပြေတော့ အသနားခံစာတင်ပြီး ပြန်ဝင်လာကြတာရှိတယ်။ ဒါမဲ့ အခုထိ လစာက မရသေးဘူး”ဟု Non-CDM ဝန်ထမ်းတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ရှမ်းမြောက်မှ အခြားမြို့သို့ အကြီးအကဲထံ လာဒ်ထိုးမှုဖြင့် ပြောင်းရွေ့နိုင်သူများအနေဖြင့်လည်း မိမိတာဝန်ကျလိုသော နေရာတွင် (၈)လကျော်သည်အထိ လစာမရသေးကြောင်း သိရသည်။

ထို့အပြင် ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်နယ်မြေအတွင်း လာဒ်ပေးလာဒ်ယူ ရှိနေသည့်အထဲ လဝကရုံး၊‌ ထွေအုပ်ရုံး၊ စည်ပင်သာယာ‌ ရေးဌာန၊စစ်တပ်နှင့်ရဲစခန်းတို့တွင် အဆိုးရွားဆုံးရှိကြောင်း သိရသည်။

ရှမ်းမြောက်ဒေသခံက” လိုအပ်တဲ့ စာရွက်စာတမ်း ထောက်ခံစာသွားယူရင်တောင် အရင်ကမတောင်း၊မပေးရတဲ့ အခြေအနေကနေ အခုတော့(၅)ထောင် နဲ့(၁)သောင်းကြားရှိတယ်။ စာရွက်စာတမ်းဖိုးတဲ့။ မီးစက်ဆီဖိုးတဲ့ အမှန်က စာရွက်စာတမ်းဖိုးတွေက အစိုးရကနေချပေးပြီးသား မဟုတ်လားနော်။ အဲ့လိုပဲ မှတ်ပုံတင်သွားလုပ်ရင်တောင် အချို့ဆို သိန်း (၃၀) အထက်ရှိတယ်ကြားတယ်။ကာကွယ်ဆေးတို့တောင် ထိုးရင် အလည်ကား မရတော့ဘူး” ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့ကြီး အတော်များများကို ၁၀၂၇ ဒုတိယ စစ်ဆင်ရေးအတွင်းကတိုင်းရင်းသား လက်နက်ကိုင် ပူး‌ပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ထိန်းချုပ်ထားပြီး မိုင်းရယ်၊ တန့်ယန်း၊နမ့်လန်နှင့် မူဆယ်မြို့ကစစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိကြောင်း သိရသည်။

photo credit
#PPV0011
#နိုင်ငံရေး
#NONCDM
#CDM
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed