ခမ်းသားငေါဝ်း
မတ်လ ၂၁၊ ၂၀၂၅

ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိစစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ကရင်နီပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိစစ်ရှောင် စခန်းတစ်ခုကို ယနေ့ မတ်လ ၂၁ ရက်နေ့ မနက် ၁၀ နာရီ ခွဲကျော် အချိန်ခန့်တွင် စစ်ကောင်စီက လေကြောင်း ဖြင့် ဗုံး ၄ လုံးခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁၀ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

” ဒီမနက်ပဲ နှစ်ကြိမ်လာကြဲသွားတယ် အသံကြားရသလောက် တော့ လေးလုံး‌လောက်ရှိတယ်၊ ကလေးတစ်ယောက်ထိသွားတယ်လို့ကြားတယ်၊ ကိုယ်တိုင်တော့သွားမကြည့်ရသေးဘူး” ဟု ဒေသခံတစ်ဦးကခမ်းသားငါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်အပြီး ဒီမောဆို အနောက်ဖက်ခြမ်းကို လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံး ၂၀ ခန့်ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Photo ဖက်ဒရယ်FM

#PPV 003
#Humanright
#ဒီးမော့ဆို
#စစ်ရှောင်
#ကရင်နီ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed