ခမ်းသားငေါဝ်း
မတ်လ ၂၁၊ ၂၀၂၅
ကျေးသီးမြို့နယ်အတွင်းတွင် ယခုရက်ပိုင်း အင်တာနက်လိုင်းသုံးစွဲမှု နှေးကွေးမှုကြောင့် အွန်လိုင်းဖြင့်ဈေးရောင်းသူများ၊ အလုပ်လုပ်ကိုင်သူများ အဆင်မပြေမှုရှိကြောင်း မတ်လ(၂၁)ရက်တွင်ိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းတွင် MPT၊နှင့် Mytel လိုင်းသာ ရရှိပြီး မီးပြတ်သည့်အချိန်တွင် ဖုန်းတိုင်များပါ မိနစ်(၂၀)လောက် ပြတ်တောက်တတ်ပြီး အင်တာနက်သုံးစွဲမှုပါ နှေးကွေးလာကြောင်း သိရသည်။
“မီးကလည်း တစ်ရက်တစ်ရက်ကို လာတာက နာရီဝက်တောင် မပြည့်ချင်ဘူး။ အဲ့လိုမီးပြတ်တဲ့အချိန်နဲ့ အလုပ်လုပ်နေတဲ့ အချိန်နဲ့တိုးရင် တအားဒုက္ခရောက်တယ်။ လိုင်းပြန်သုံးရဖို့အရေး အကြာကြီး စောင့်ရတယ်။ အရင်ကဆို တောရွာဖက်မှာလည်း သုံးလို့အဆင်ပြေတယ်။ အခုဆို တိုင်ပါ ၂ထစ်လောက်ပဲ တက်တော့တယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထို့အပြင် MPTကဒ်သာ သုံးစွဲသူများလည်း ယခုရက်ပိုင်းမှာ ဖုန်းလိုင်းမကြာခဏ ပျောက်တာရှိကြောင်း သိရသည်။
MPTသုံးစွဲသူတစ်ဦးက”ဘာကြောင့်လဲတော့ မသိဘူး။ MPTလည်း တိုင်ခဏခဏပျောက်တာရှိတယ်။ တခါတလေ နေ့တပိုင်းထိ ပျောက်သွားတာ ရှိတယ်”ဟု ပြောသည်။
ထို့အတူ မတ်လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ပအိုဝ်းဒေသနှင့် ဓနုဒေသတို့မှာလည်း ဆက်သွယ်ရေး ကွန်ရက်များ ပြတ်တောက်ခြင်း၊ အင်တာနက်လိုင်း နှေးကွေးခြင်း၊သုံးစွဲမရခြင်းတို့ ရှိနေကြောင်း သိရသည်။
#PPV0011
#social
#အင်တာနက်
#ကျေးသီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။