ခမ်းသားငေါဝ်း
မတ်လ ၂၁၊ ၂၀၂၅
လွိုင်ကော်- ဆီဆိုင်လမ်း လမ်းမကြီးအား မတ်လ ၂၀ ရက်နေ့မှ စပြီး ယာဉ်ကြီးယာဉ်ငယ်ဖြင့် ခရီးသွားလာခြင်းကို ရက်အကန့်သတ်မရှိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း KNDF ဗျူဟာအမှတ် ၂ က သတိပေးထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည့် လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အတွက် အဆိုပါလမ်းမကြီးတစ်လျောက်တွင် တိုက်ပွဲထိတွေ့မှုများ ဖြစ်ပွားနိုင်သောကြာင့် လုံခြုံရေးအရ သွားလာခွင့်ပိတ်ထားခြင်းဖြစ်ကြာင်းသိရသည်။
” ပြည်သူတွေရဲ့လုံခြုံရေးအတွက် ယာယီပိတ်ထားတာဖြစ်တယ်၊ ပြည်သူတွေလည်း ဒီဖက်ကထုတ်ပြန်ထားတာ တွေကို အလေးပေး လိုက်နာကြဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ တခြားကိစ္စတွေ တော့ အသိပေးလို့ မရသေးပါဘူး” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသား ငေါဝ်းကိုပြောသည်။
နယ်မြေလုံခြုံရေး နှင့် စစ်ရေးအခြေအနေအရ မိဘပြည်သူများအနေဖြင့် မဖြစ်မနေလိုက်နာပေးကြရန်နှင့် ပြည်လည်သွားလာနိုင်မည့် အချိန်နေ့ရက်အား ပြန်လည်အသိပေးသွားမည်ဖြစ်ကြာင်း အသိပေးထားသည်။
အထက်ပါထုတ်ပြန်ချက်အတိုင်း လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမည့် မည်သည့်အကြောင်းအရာကိုမဆို KNDF ဗျူဟာအမှတ် ၂ အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
photo KPV
#PPV 003
#ဆီဆိုင်
#လွိုင်ကော်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။