ခမ်းသားငေါဝ်း

မတ် ၂၀၊ ၂၀၂၅

ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသတွင် လာမည့်ဧပြီလ၌ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီအစိုးရ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ရှမ်းပြည်နယ်)မှ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသရှိ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို အင်းလေးရေလယ်ဧည့်ခန်းမတွင် အင်းလေးရေ ပေါ် သင်္ကြန်ကို စည်ကား သိုက်မြိုက်စွာကျင်းပမည် ဖြစ်ကြောင်း သိရသည်။

“ရေပေါ်သင်္ကြန်ဖြစ်တယ်ရှင့် ရေလယ် ဗိုလ်တဲမှာဘဲရှင့် ၊ ခန့်မှန်းရသလောက်အရင်နှစ်ကထက်တော့လူပိုများမယ့်ထင်တယ်ရှင့်၊ ရက်ကတော့ မထွက်သေးဘူး၊ လုပ်ဖြစ်တာတော့ သေချာတယ်”ဟု ဒေသခံတစ်ဦးမှပြောသည်။

ထို့ပြင် အရင်နှစ် ၂၀၂၄ အတာသင်္ကြန် နှစ်သစ်ကူးထက် လာရောက်လည်ပတ်သူများနိုင်ကြောင်းသိရသည်။

“လုပ်တော့လုပ်မှာ နှစ်တိုင်းဖြစ်နေကြဆို လူတော့စည်းမယ် ထင်တာဘဲ တပေါင်းလပြည့်တုန်းကတောင်မှ ဧည့်သည်တော်တော်များတယ် ဧည်သည်မရှိဘူးထင်တာ ဧည်သည်များတယ်”ဟု ဒေသခံတစ်ဦးမှထပ်ပြောသည်။

အဆိုပါ အင်းလေးရေပေါ်သင်္ကြန် ပွဲတော်ကာလအတွင်း အင်းလေးကန်ရေပြင်ပေါ်တွင် နှစ်ဦးရေပေါ် ဆွမ်းလောင်းပွဲ၊ နှစ်ဦးရေပေါ်မှု သဘင်ကျင်းပခြင်း၊ လှေသမ္မန်များ၊ ဖောင်များဖြင့် အတာရေကစားခြင်း၊ ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသားရိုးရာ အကအလှပြိုင်ပွဲအစီအစဉ်များကို မဟာသင်္ကြန် အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မတ်လ ၁၇ ရက်နေ့ တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ရှမ်းပြည်နယ်)မှထုတ်ပြန်ထားသည်။

ယခုနှစ်သင်္ကြန်ကာလအတွင်း စစ်ကောင်စီမှ တောင်ကြီး၊ ကလော၊ အင်းလေး၊ အောင်ပန်း၊ ပင်းတယ၊ တာချီလိတ်၊ ကျိုင်းတုံမြို့တို့တွင် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနဲ့ စည်စည်ကားကားကျင်းပနိုင်အောင်ဆောင်ရွက်မည့်အကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#ညောင်ရွှေမြို့
#အင်းလေးဒေသရှိ
#အင်းလေးရေလယ်ဧည့်ခန်းမ
#အင်းလေးရေပေါ် သင်္ကြန်
#ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန
#ရှမ်းပြည်နယ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7