ခမ်းသားငေါဝ်း
မတ် ၂၀၊ ၂၀၂၅

မိုးဗြဲတွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ အင်အားဖြည့်တင်းမှုများပြုလုပ်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှသိရသည်။

ရှမ်း-ကရင်နီ နယ်စပ် မိုး‌‌ဗြဲမြို့တွင် စစ်ကောင်စီ နှင့် တော်လှန်ရေးအင်အားစုတို့အကြားထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ အင်အားဖြည့်တင်းမှုများပြုလုပ် နေသည်။

” ထိတွေ့မှုကတော့ အနည်းနဲ့အများနေ့တိုင်းဖြစ်တယ်၊ စစ်ကောင်စီဖက် က သူတို့ရဲ့ ရှေ့ကင်းတွေမှာ အင်အားဖြည့် နေတာ တွေ့ရတယ်၊ စစ်ကြောင်းထပ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ ထင်တယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ကို လက်နက်ကြီး၊ ဒရုန်း၊ မီးလောင်ဗုံးများဖြင့် နေ့စဉ်ပစ်ခတ်နေသော ကြောင့် ပြည်သူနေအိမ် အများအပြားပျက်စီးသွားကြောင်းသိရသည်။

” ထိတွေ့တိုက်ပွဲတွေ မရှိလည်း စစ်ကောင်စီက နေ့တိုင်းလက်နက်ကြီးတွေနဲ့ပစ်တယ်၊ ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေကြဲ နေတော့ အိမ်တွေ တော်တော်များများ ပျက်စီး ၊ မီးလောင်သွားတာ ရှိတယ်” ဟု ၎င်းကဆက်ပြောသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ လေကြောင်း၊ဒရုန်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဒေသခံနေအိမ် ၁၅ လုံးပျက်စီးသွားခဲ့ကြောင်း KNDF ကထုတ်ပြန်ထားသည်။

PPV 003
ပုံ-KNDF
#စစ်ရေး
#လူ့အခွင့်အရေး
#မိုးဗွဲ
#ထိတွေ့တိုက်ပွဲများ
#အင်အားဖြည့်တင်းမှုများပြုလုပ်နေ
#တော်လှန်ရေးရဲအင်အားစု
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed