ခမ်းသားငေါဝ်း
မတ်လ ၂၀၊ ၂၀၂၅
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကာလညပိုင်း၌ လျှပ်စစ်မီး မှန်အောင် မပေးနိုင်ကြောင်း သိရသည်။
ထိုသို့ စာမေးပွဲတွင်း ကာလမှာပင် ညပိုင်း လျှပ်စစ်မီး ပုံမှန်ရနိုင်ရန် လုပ်မပေးနိုင်ဘဲ ၊ ည ၁၀ နာရီကျော်မှသာ လျှပ်စစ်မီး ရရှိခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။
“၃ ရက် ရှိပြီဗျ။ ညပိုင်း ဘယ်တော့မှ မလာဘူး။ နေ့လည်ခင်းလည်း လာချင်သလို လာတယ်။ တစ်ခါ တစ်လေ လာတယ်ဆိုရုံပဲ မီးအားနည်းတယ်။ အချိန်ပိုင်းလေးပဲ လာတယ်။ ရေနွေးအိုးတောင် တည်လို့ မရဘူး။ ဘယ်အချိန် လာလဲဆိုတော့ လူအိပ်ချိန် ကောင်းကောင်း လာတယ်။ အိပ်လို့ ကောင်းတဲ့ အချိန်လေ ဘာသွားလုပ်မှာလဲ ”ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၇ ရက်မှ စတင် ဖြေကြားနေခြင်းဖြစ်ပြီး မတ် ၂၂ ရက် (စနေနေ့) အထိ ခြောက်ရက်တိုင်တိုင် ဖြေကြား သွားမည် ဖြစ်သည်။
ထို့ပြင် တက္ကသိုလ် စာမေးပွဲတွင်း ကာလ စားသောက်ဆိုင်၊ အရက်ဆိုင် ၊ ကေတီဗီ ဆိုင်များ ပိတ်ထားရန် ညွှန်ကြားထားပြီး ၊ စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးငွေများစွာ ပေးဆောင်ရမည် ဖြစ်ကြောင်း အသိပေးထားသည်။
တောင်ကြီးမြို့နယ် အတွင်း တောင်ကြီး ၊ အေးသာယာ ၊ ရွှေညောင် တို့တွင် စာမေးပွဲတွင်း ကာလ အလှူပွဲများ ပြုလုပ်ခြင်း ၊ အသံချဲ့စက်များ ဆူညံစွာ ဖွင့်ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် သက်ဆိုင်ရာ တိုင်တန်းရခြင်းများလည်း ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ခရိုင် (၈) ခု၊ မြို့နယ်ပေါင်း (၂၀) ခု၊ စာစစ်ဌာန (၆၆) ခု၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ဦးရေ (စာရင်းရှိ) မှာ ၁၂၇၇၈ ဦးတွင် လာရောက် ဖြေဆိုသူပေါင်း ၁၂၄၀၇ ဦး ရှိကြောင်းစစ်ကောင်စီ ပညာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။
#PPV-006
#ပညာရေး
#လျှပ်စစ်မီး
#social
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။