ခမ်းသားငေါဝ်း
မတ် ၂၀၊ ၂၀၂၅

ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြရင်း စစ်ကောင်စီမှ လူမဆန်စွာဖြိုခွင်းခံခဲ့ရပြီး ကျဆုံးခဲ့ရသော လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံမှ သူရဲကောင်းများအား (၄)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မတ်လ(၁၉)ရက်တွင် ကျင်းပခဲ့ကြောင်း ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 မှ ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးအစမှ နိုင်ငံတစ်ဝန်းရှိ အသက်စွန့်၊ ကိုယ်လက်အင်္ဂါစွန့်ပြီး လွတ်လပ်တရားမျှတသော ဒီမိုကရေစီရေးအတွက် ယုံကြည်ချက်ဖြင့် ကြိုးပမ်းခဲ့ကြသော အာဇာနည်သူရဲကောင်းများကို ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 ၏စခန်းတွင်နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြောင်း ‌ထုတ်ပြန်ထားသည်။

ထိုအခမ်းအနားတွင် ရှမ်းတောင်အထူးတပ်ဖွဲ့ဝင်များနှင့်အတူ အောင်ပန်းမြို့ပြပျောက်ကျားမှ တပ်ဖွဲ့ဝင်များ အထူးလှုပ်ရှားတပ်မှ တပ်ဖွဲ့ဝင်များ၊ SSLRUမှ တပ်ဖွဲ့ဝင်များ၊ KNSA Scorpion စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူ ဆရာအောင်သိန်းတို့ ပါဝင်တက်ရောက်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် GRSTမှ တာဝန်ခံနှင့် သင်တန်းနည်းပြ ကိုတောခိုကြီး၊ ပြည်သူ့ကာကွယ်ရေးထောက်ပို့(မြန်မာနိုင်ငံ) တာဝန်ခံ ကိုသားသခင်နှင့် အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနား ကျင်းပခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါအခမ်းအနားမှာ ကျဆုံးအာဇာနည်ရဲဘော်များကို ဂုဏ်ပြုသောအားဖြင့် အလံတစ်ဝက် လွှင့်တင်အလေးပြုခြင်း၊ ကိုယ်လက်အင်္ဂါ စွန့်လွတ်ပေးခဲ့ကြသော ရဲဘော်များနှင့် ဆက်လက်တိုက်ပွဲဝင်နေသော ရဲဘော်များကို အောက်မေ့ဖွယ် စကားပြောကြားခြင်း အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မတ်လ(၁၉)ရက် ယနေ့တွင် အောက်ပန်းမြို့ လမ်းမပေါ်တွင် မည်သည့်အဖွဲ့မှ ဖြန့်ကျဲထားသည်ကို မသိသော “(၁၉)ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့”ဟူသည့် စာသားဖြင့် လမ်းပေါ်ဖြန့်ကျဲထားသည်ကို တွေ့ရကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အောင်ပန်းမြို့
#ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြ
#လူမဆန်စွာဖြိုခွင်းခံခဲ့ရပ
#လူတန်းစားပေါင်းစုံ
#ဘာသာပေါင်းစုံမှသူရဲကောင်းများ
#အောက်မေ့ဖွယ်အခမ်းအနား
#ရှမ်းတောင်အထူးတပ်ဖွဲ့
#P.3-9702
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7