ခမ်းသားငေါဝ်း

မတ် ၁၉၊ ၂၀၂၅

တစ်နိုင်လုံးရှိ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂ သိန်း ၂ သောင်း ကျော်အနက် ရှမ်းပြည်နယ်မှ ဖြေဆိုသူ ၁၄,၇၆၀ ဦးရှိကြောင်းသိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ရှမ်းပြည်နယ် (တောင်)ပိုင်း ရှိ မြို့နယ် (၂၀) နှင့် စာစစ်ဌာန (၆၆)ခုဖြင့် မတ်လ(၁၇) ရက်နေ့၌ ဖြေဆိုရန် စာရင်းရှိကျောင်းသား/သူ စုစုပေါင်း (၁၂,၇၇၈) ဦီးအနက် (၁၂,၄၀၇)ဦး ဖြေဆိုပြီး (၃၇၁) ဦးပျက်ကွက်ကြောင်း ပညာရေးဌာနမှ သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း မြို့နယ်(၃) မြို့နယ်၊ စာစစ်ဌာန (၄)ခုဖြင့် ဖြေဆိုရန်စာရင်းရှိ (၆၈၉) ဦိးမှ (၆၅၈) ဦးသည် ဖြေဆိုပြီး (၃၁)ဦး ပျက်ကွက် ကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့)ပိုင်းရှိ မြို့နယ် ( ၉ ) ခုမှ စာစစ်ဌာန ( ၁၂ ) ခုဖြင့် ဖြေဆိုရန်စာရင်းရှိ စုစုပေါင်း (၁, ၇၄၅) ဦးမှ ဖြေဆိုသူ (၁,၆၉၅) ဦး၊ ပျက်ကွက်သူ (၅၀) ဦး ရှိကာ ဖြေဆိုသူ (၉၇ ဒသမ ၁၄) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့တွင် လာရောက်ဖြေဆိုသူပမာဏမှာ (၉၄ ဒသမ ၅၉)ရာခိုင်နှုန်း ရှိခဲ့ကြောင်း စစ်ကောင်စီ၏ ပညာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

PPV0013
ပုံ-အွန်လိုင်း
#ပညာရေး
#တစ်နိုင်လုံး
#တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်
#စာရင်းပေးသွင်းသူ
#ရှမ်းပြည်နယ်
#ရှမ်းရှေ့
#ရှမ်းတောင်
#ရှမ်းမြောက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7