ခမ်းသားငေါဝ်း
မတ် ၁၅၊ ၂၀၂၅

တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ရေပူကျေးရွာသား၊ အရွယ်မှန်အမျိုးသားများအားလုံး PNOပြည်သူ့စစ်တပ်ထဲဝင်မှသာလျှင် ရွာပြန်နေခွင့်ပြုမည်ဟု PNO ပြည်သူ့စစ်က ပြောကြောင်း စုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာရှိ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားမျအားလုံး PNO ပြည်သူ့စစ်ထံ စစ်သားအဖြစ်ဝင်ကြောင်းလက်မှတ်ထိုးပြီးမှသာ ရွာထဲပေးပြန်နေမည်ဟုပြောပြီး အတင်းအဓ္ဓမ စစ်သားလုပ်ခိုင်းနေကြောင်းသိရသည်။

“တစ်အိမ်တစ်ယောက်တောင်မဟုတ်ဘူး သူတို့သတ်မှတ်ထားတဲ့ အသက် ဘောင်ဝင်တဲ့သူအကုန် ဝင်ခိုင်းတာ။ ရွာသားတွေလည်း ရွာပြန်နေချင်ကြတော့ လက်မှတ်ထိုးကြတယ်။ နစ်နာမှုတော့ရှိတာပေါ့” ဟု ရွာခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုလို PNO ပြည်သူ့စစ်က အတင်းအဓ္ဓမ စစ်သားစုဆောင်းခြင်းကြောင့် ကျေးရွာခံလူငယ်များ တစ်ခြားမြို့ကြီးသို့ အလုပ်သွားလုပ်ခြင်း၊ ပြည်ပသို့ထွက်ခွာခြင်းတို့ ပြုလုပ်သူ များလာကြောင်း၄င်းကဆက်ပြောသည်။

လက်မှတ်ထိုးပြီး ရွာပြန်နေသော သူများကို PNO ပြည်သူ့စစ်ဖက်မှ ယူနီဖောင်း ၊ လက်နက်ထုတ်ပေးပြီး ယခုတွင်ကျေးရွာ လုံခြုံရေးသာ ယူခိုင်းပေမယ့် ရှေ့တန်းပို့ခံရမည်ကို စိုးရိမ်နေကြရကြောင်းပြောသည်။

ရေပူကျေးရွာသည် ပြီးခဲ့သည် ဇန်နဝါရီလတွင် တော်လှန်ရေးအဖွဲ့နှင့် စစ်ကောင်တပ်စီတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောက် ကျေးရွာခံအားလုံး ဘေးကင်းရာ ထွက်ပြေးခဲ့ရကြောင်းသိရသည်။

#PPV005
ပုံ-Cj
#လူအခွင့်အရေး
#တိုက်ပွဲ
#ရေပူကျေးရွာသား
#အရွယ်မှန်အမျိုးသားများ
#PNO
#ပြည်သူ့စစ်တပ်ထဲဝင်
#ညောင်ရွှေမြို့နယ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7