ခမ်းသားငေါဝ်း
မတ် ၁၉၊ ၂၀၂၅

တိုင်းရင်းသားဒေသအချို့တွင် နှစ်စဉ်ယခုရာသီ၌ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးရန် ဧကရာချီ တောင်ယာမီးရှို့မှုများ ပြုလုပ်‌နေကြကာ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း သဘာ၀ပါတ်၀န်းကျင်ဆိုင်ရာ လုပ်ရှားနေသူများအကြံပြုထားသည်။

မီးရှို့ခြင်းသည် နောက်ဆက်တွဲအနေနှင့် ရေရှားပါးမှုများဖြစ်စေနိုင်ကြောင်း ဒေသခံများက ရိုးရာလို့ဆိုပေမယ့်နောက်ဆက်တွဲ ဖြစ်လာမည့် ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားကြရန်၊ ဆင်ခြင်ကြရန် အကြုံပြုလိုကြောင်း သိရသည်။

“အဲဒီတောမီးရှို့တာက တော်တော်ဆိုးတယ်လို့ပြောလို့ရတယ်။ လေထုညစ်ညမ်းတာတွေဖြစ်တယ်။ တစ်ချို့ဆို အသက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါ တွေဖြစ် စေတယ်။ နောက်တစ်ခုက မီးရှို့လိုက်ခြင်းအားဖြင့် တောတွေပြုန်းတယ် အပင်တွေသေပြီး ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုတွေဖြစ်စေတယ်။ ” ဟု သဘာ၀ပါတ်၀န်းကျင်ဆိုင်ရာ လုပ်ရှားနေသူ တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

အခြားသဘာ၀ပါတ်၀န်းကျင်ဆိုင်ရာ လုပ်ရှားသူတစ်ဦးကလည်း ” တောင်သူတွေရဲ့ စား၀တ် နေရေးအတွက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လုပ်နေကြတာတော့ဟုတ်တယ်၊ တချို့ကလည်း ရိုးရာ ဖြစ်နေတယ်ပေါ့လေ၊ ဒါမယ့်ဒီလိုမျိုး တွေ နှစ်စဉ် မီးရှို့နေမယ်ဆိုရင် မကြာခင်တောပြုန်းသွားနိုင်တယ်၊ ရေရှည်အတွက်ကို ကြည့်ရင် နောက်မျိုးဆက် အတွက် ဘာမှစိုက်စားလို့မရဖြစ်သွားနိုင်တယ်” ဟု ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောမီးများရှို့ခြင်းများ၊ တောက်ယာမီးရှို့မှုများပြုလုပ်ရာမှ မြို့ရွာထိမီးလောင်ခြင်းများရှိသလို လက်ရှိတွင် ဖယ်ခုံ- ပင်လောင်း မြို့ နယ်စပ်တွင် မတ်လ ၁၅ ရက်နေ့ကစပြီး ၁၇ ရက်နေ့အထိ ၃ ရက်ဆက် တောမီးကူးစက် လောင်ကျွမ်းနေကြောင်းသိရသည်။

PPV 003
ပုံ-အွန်လိုင်း
#သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
#တိုင်းရင်းသားဒေသ
#နှစ်စဉ်ယခုရာသီ
#ရွေ့ပြောင်းတောင်ယာစိုက်ပျိုးရန်
#တောင်ယာမီးရှို့မှုများ
#လေထုညစ်ညမ်းမှုများ
#သဘာ၀ပါတ်၀န်းကျင်ဆိုင်ရာလုပ်ရှားနေသူများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။