ခမ်းသားငေါဝ်း
မတ် ၁၈၊ ၂၀၂၅

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်ကောင်စီမှ မတ်လ (၁၇)ရက်နေ့ ညနေ (၆)နာရီအချိန်ခန့်မှာ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အမျိုးသမီး (၃) ဦးသေဆုံး သွားကြောင်း ပြည်သူ့ကာကယ်ရေးတပ်မတော် – မန္တလေး ၂၀၂၅ မတ်လ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထိုသို့ တိုက်ပွဲမဖြစ်ပွားဘဲနဲ့ စစ်ကောင်စီက လေကြောင်းကနေတဆင့် တိုက်ခိုက်တဲ့အတွက် စဉ့်ကူးမြို့ကအရပ်သားပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီး (၃)ဦးသေဆုံးပြီး(၅)ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စဉ့်ကူးမြို့နယ်က အရပ်သားပြည်သူများ ကို ပစ်မှတ်ထားပြီး လေကြောင်းကနေတဆင့် တိုက်ခိုက်မှုများ မကြာခနပြုလုပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ပြီးခဲ့သည့် မတ်လ (၁၄)ရက်နေ့ မှာလည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှာရှိတဲ့ ပြည်သူအရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်လာတဲ့အတွက် အပြစ်မဲ့ ပြည်သူ (၃၁)ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

PPV0010
ပုံ- ပြည်သူ့ကာကယ်ရေးတပ်မတော် – မန္တလေး
#တိုက်ပွဲဖြစ်ပွားခြင်းမရှိ
#မန္တလေးတိုင်း
#စဉ့်ကူးမြို့နယ်
#လက်ပံလှကျေးရွာ
#လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်
#အမျိုးသမီး
#ပြည်သူ့ကာကယ်ရေးတပ်မတော် – မန္တလေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။