ခမ်းသားငေါဝ်း

မတ် ၁၉၊ ၂၀၂၅

စစ်ကောင်စီသည် တစ်နှစ်အတွင်း အပြစ်မဲ့ပြည်သူ (၄၀)ကျော်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ‌စောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းအရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့မှ (၂၀၂၅)ခုနှစ်၊ မတ်လ(၁၈)ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမှာရှိသည့် ပြည်သူ(၄၂)ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်းမီးရှို့ခံရသူ (၃၀)ဦးအထိ ရှိကြောင်း ဆိုထားသည်။

စစ်ကောင်စီမှ မီးရှို့သတ်ဖြတ်ခံရသူအားလုံးကို (AAPP)အနေဖြင့် အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါမီးရှို့သတ်ဖြတ်ခံရသူများထဲတွင် စစ်ကိုင်းတိုင်းမှ(၂၄)ဦးဖြင့် အများဆုံး ဖြစ်ပြီး မကွေးတိုင်းတွင် (၂၀)ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ(၇)ရက်မှ (၁၂)ရက်နေ့အတွင်း၌လည်း စစ်ကိုင်းတိုင်း သာဂေါင်ကျေးရွာတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုး ဝင်ရောက်လာကာ ပြည်သူ(၆)ဦးကို ဖမ်းဆီးပြီး ညှဉ်းပန်းနှပ်စက်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မတရားအာဏာသိမ်းမှု စတင်ချိန်မှ (၂၀၂၅)ခုနှစ် မတ်လ(၁၈)ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီ လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၆၄၁၀)ဦး သေဆုံးခဲ့ရကာ၊ ယခုချိန်ထိ ဖမ်းဆီးခံထားရသူ (၂၂၀၉၄)ဦးရှိပြီး ထိုထဲမှ (၁၀၆၅၈)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တစ်နှစ်အတွင်း
#အပြစ်မဲ့ပြည်သူ
#အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့
#နိုင်ငံရေးအကျဉ်းသားများကူညီ‌စောင့်ရှောက်ရေးအသင်း
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7