ခမ်းသားငေါဝ်း
မတ် ၁၈၊ ၂၀၂၅
တောင်ကြီးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့်ကာလတွင် စားသောင်ဆိုင်များ၌ အရက်ဘီယာ ရောင်းချခွင့်မပြုကြောင်း ရောင်းသည့်ဆိုင်အားအရေးယူခြင်းရှိနေကြောင်း မြို့ခံထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်၌ မတ်လ ၁၇ မှ၂၂ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့်အချိန်ကာအတွင်း စားသောက်ဆိုင်များ၊ Bar များတွင် အရက်ဘီယာ ရောင်းချခွင့် မပြုကြောင်းနှင့်ရောင်းချပါက ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီကထုတ်ပြန်ထားသည်။
“မနေ့ကဆိုင်တစ်ဆိုင်ပေါ့နော် သူတို့ဖွင့်နေရင်းတန်လန်းနဲ့ အဲ့လို့ဝင်စစ်တော့ ဧည်သည်တွေပြန်ခါနီး ဆိုင်ရှင်တောင်စခန်းရောက်သွားတယ်ပြောတယ်” ဟု မြို့ခံတစ်ဦးမှပြောသည်။
ဒီနှစ်တွင် နေပြည်တော်မှလာ၍ စစ်ဆေးရေးဝင်သဖြင့် မိမိဖွင့်ပါက မိမိကိုယ်တိုင်းဘဲ အရေးယူခံရမှာ ဖြစ်သဖြင့် ဖြေရှင်းရန် ခက်ခဲကြောင်းနှင့် အမှု ဖြစ်ပါက ရောင်းတာထက် အမှုဖြေရှင်းရန် ကုန်ကျစရိတ် ပိုများနိုင်သည့်အတွက် မဖွင့်တာ အကောင်းဆုံးဟု ၎င်း ကဆက်ပြောသည်။
တရားဝင် စာထုတ်ထားသည့်အတွက် ဆိုင်ဖွင့်ထားသည့်ဆိုပါက အရေးယူခံရနိုင်ကြောင်းနှင့် အရက်ဘီယာ မရောင်းဘဲ သီးသန့်အစားအသောက်ဘဲရောင်းပါက ဖွင့်လှစ်လို့ရကြောင်းသိရသည်။
“အမတို့လည်းဆိုင်ပိတ်ထားတယ် ဆယ်တန်းစာမေးပွဲဖြေလို့လေ သူတို့က ဆူဆူညံညံဖြစ်မှာဆိုလို့ပေါ့ အမတို့က အရက်ဘီယာ စာသောက်ဆိုင်ဆိုတော့ နည်းနည်းဆူညံတော့ အဲ့လိုဘောလုံးပွဲတွေဘာတွေ ဖွင့်တော့ အမတို့က ဒီနေ့စပိတ်တာ အမတို့က ၂၄ ရက်နေ့အထိဆိုင်ပိတ်တယ်”ဟု ဆိုင်ပိုင်ရှင်တစ်ဦးမှပြောသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင် စာမေးပွဲအား တိုင်းဒေသကြီးပြည်နယ်များရှိ ခရိုင်(၁၀၄) ခရိုင်နှင့်မြို့နယ်ပေါင်း(၂၅၀)မှ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ (၁၇) မှ (၂၂) အထိ ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
PPV0013
ပုံ-ခမ်းသားငေါဝ်း
#ပညာရေး
#တောင်ကြီးမြို့
#တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့်ရက်
#စားသောင်ဆိုင်များ
#အရက်ဘီယာ
#ရောင်းချခွင့်မပြု
#ရောင်းသည့်ဆိုင်အားအရေးယူခြင်းရှိနေ
မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။