ခမ်းသားငေါဝ်း

မတ် ၁၈၊ ၂၀၂၅

မဲနယ်တောင်မှာ ရာဂီမုန်တိုင်းကြောင့် နှစ်ရှည်ပင်ဖြစ်တဲ့ ကော်ဖီပင်တွေ မြေပြိုမှုအောက်မှာ ပါသွားတဲ့အတွက် ဒီနှစ်ကော်ဖီထွက်နှုန်း ၃ ပုံ ၂ ပုံလျော့ကျ သွားကြောင်း မတ်လ ၁၈ ရက်နေ့မှာ မဲနယ်တောင်ဒေသခံတစ်ဦးထံမှ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မဲနယ်တောင်ဒေသမှာကော်ဖီစိုက်ပျိုးရေးကို အဓိက လုပ်ဆောင်တဲ့ ကျေးရွာတွေမှာ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းကြောင့် ရေကြီး မြေပြိုမှု ဖြစ်ပွားပြီးနောက် မြေပြိုမှုအောက်မှာပါသွားတဲ့ပြီး အထွက်နုန်းလျော့နည်းတဲ့အတွက် ကော်ဖီဈေးကောင်းရရှိနေပါတယ်၊၊

“အခုက ကော်ဖီအများကြီးမထွက်ဘူး။ ကော်ဖီပင်တွေ ရေကြီးတဲ့နောက်မှာ အတော်ပျက်စီးသွားကြတယ်။ မြေပြိုတဲ့ထဲပါကုန်တာ။ ၃ပုံ ၂ပုံလောက် အထွက်နှုန်းကျသွားတယ်။ ရှားပါးတော့ ဒီနှစ်က ဈေးတော့ရှိတယ်။ ” ဟု ကော်ဖီစိုက်ပျိုးတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

အရင်နှစ်က ကော်ဖီစေ့ တစ်ပိဿာကို ၃၀၀၀ ကျပ်သာရရှိပြီး ယခုနှစ်မှာတော့ ကော်ဖီစေ့တစ်ပိဿာကို ၈၀၀၀ ကျော်အထိရရှိပေမယ့် အပင်အတော်များများ ရေကြီးတဲ့ထဲပါသွားတဲ့အတွက် အထွက်နှုန်း လျော့ချနေတယ်လို့ ၄င်းက ဆက်ပြောပါတယ်။

“အဓိကဝယ်တာတော့ UN ပြန်ယူတာ ရှယ်သီးတွေပေါ့ အဲတာက စျေးကောင်းရတယ် UN က မယူတဲ့ ဟာတွေကျ ပယ်သီး လို့ ခေါ်တာပေါ့လေ အဲတာက တရုတ်နဲ မြို့က ပွဲစားတွေဝယ်တယ် အဲတာက စျေးက တဝက်စျေးဘဲရတယ်” ဟုဒေသခံတစ်ဦးကပြောပါတယ်၊၊

လက်ရှိမှာ မနှစ်ကထက် စျေးပိုရှိတယ်ဆိုပေမယ့် ရေကြီးမြေပြိုမှု နောက်ဆက်တွဲကြောင့် အပင်တွေပြိုလဲ ပျက်စီးသွားတဲ့အတွက် အထွက်နှုန်းများများမရှိတာကြောင့် တောင်သူတွေအတွက် ကတော့နစ်နာဆဲပဲလို့သိရပါတယ်။

ဒါအပြင် မဲနယ်တောာင်ဒေသသည် အေးမြတဲ့ ရာသီဖြစ်တဲ့အတွက် ကော်ဖီစိုက်ပျိုးဖို့ အလွန်အဆင်ပြေတဲ့အတွက် ဒေသခံအတော်များများက နှစ်ရှည် ကော်ဖီပင်ကို ဘိန်းအစားထိုးစိုက်ပျိုးလာတာပဲဖြစ်ပါတယ်။

“ကော်ဖီစိုက်ပျိုးဖို့ ထောက်ပံ့တဲ့အဖွဲ့တွေတော့မရှိတော့ဘူး။ ၃ နှစ်ကျော်ပြီး။ အချို့ကျတော့ မြေသြဇာတွေထောက်ပံ့သေးတယ်။ အော်ကဲနစ် မြေသြဇာတွေလေ၊ ဝယ်တာကတော့ ပြည်တွင်းမှာဘဲပြန်သွင်းတယ်။ တခါတလေ တရုတ်တွေ ပြန်ဝယ်တယ်။ “ ဟု ၄င်းကဆက်ပြောပါတယ်။

ကော်ဖီပင်ကို ကောင်းမွန်စွာစိုက်ပျိုးနိုင်ဖို့အတွက် ပြည်ပ၊ ပြည်တွင်း အဖွဲ့အစည်းအချို့များရဲ့ ထောက်ပံ့မှုများဖြင့် စိုက်ပျိုးခဲ့သော်လည်း စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ထိုသို့သော အထောက်အပံ့မရရှိတာ ၃ နှစ်နီးပါး ရှိပြီးဖြစ်ကြောင်း ကော်ဖီစိုက်ပျိုးတဲ့ အမျိုးသား တစ်ဦးကပြောပါတယ်။

၂၀၂၄ ခုနှစ် ရာဂီမုန့်တိုင်း ဒါဏ်ကြောင့် မဲနယ်တောင်ဒေသမှာ လယ်ယာမြေများ၊ လူနေအိမ်များနှင့် နှစ်ရှည်ပင်များဖြစ်တဲ့ ကော်ဖီပင်၊ ထော်ပတ်ပင်များ အများအပြားဆုံးရှုံးပျက်စီးခဲ့ရပြီး အခုလို ပြန်လည်ထူထောင်ရေးပြုလုပ်ရာမှာ ဒေသခံများ အဓိကအားထားရတဲ့ စိုက်ပျိုးရေးအခန်းကဏ္ဍများ ကိုလည်း ဦးစားပေးပြုလုပ်စေချင်ကြောင်းကို သိရပါတယ်။

PPV0010
ပုံ-အွန်လိုင်း
#မဲနယ်တောင်
#ရာဂီမုန်တိုင်း
#နှစ်ရှည်ပင်
#ကော်ဖီပင်
#မြေပြိုမှုအောက်မှာပါသွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။