ခမ်းသားငေါဝ်း
မတ် ၁၈၊ ၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီမှ မတ်လ ၁၆ရက်နေ့ ညနေ ၅း၃၀ နာရီအချိန် ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံးဖြင့် (၄)လုံး ကြဲချပြီး စက်သေနတ်ဖြင့်လည်းထပ်မံလာရောက်ပစ်ခတ်သွားခဲ့တဲ့အတွက် သံဃာအပါဝင် သေဆုံးသူ (၉)ဦးအထိရှိလာကြောင်း မတ်လ ၁၈ ရက်မှာ TNLAက ထုတ်ပြန်ထားပါတယ်။
ထိုသို့ပစ်ခတ်တိုက်ခိုက်လိုက်တာကြောင့် စာသင်တိုက်အတွင်းမှာရှိတဲ့ ရဟန်း(၂)ပါးနဲ့ သာမဏေ (၄)ပါး၊ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦးတို့ ဗုံးစထိမှန်ကာ စုစုပေါင်း သေဆုံးသူ ( ၉) ဦးရှိတယ်လို့ဖော်ပြထားပါတယ်။
စစ်ကောင်စီ လေကြောင်ရဲ့တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး စိန်ရတနာ စာသင်တိုက်မှာရှိတဲ့ သံဃာတော် (၁၃) ပါးနဲ့ ပြည်သူ (၄)ဦး တို့က ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကျောင်းဆောင်အများအပြားလည်း ပျက်စီးဆုံးရှုံးသွားကြောင့် TNLA မှ ထုတ်ပြန်ထားပါတယ်။
လက်ရှိ ဒဏ်ရာရရှိသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့ရဲ့ တာဝန်ရှိသူများ နဲ့ ပြည်သူတို့က ဝိုင်းဝန်း ဆေးကုသဖို့ လုပ်ဆောင်နေကြောင်းသိရပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲမဖြစ်ပွားတဲ့ အရပ်သား ပြည်သူနေရပ်များကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတာကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီရဲ့ လေကြောင်း ဗုံးဒဏ် ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲထားရှိဖို့ TNLA က တိုက်တွန်းထားပါတယ်။
PPV0010
ပုံ-အွန်လိုင်း
#နောင်ချိုမြို့
#တိုက်ပွဲဖြစ်ပွားခြင်းမရှိ
#စိန်ရတနာပရိယတ္တိစာသင်တိုက်
#ဂျက်ဖိုက်တာ
#စက်သေနတ်ဖြင့်လည်းထပ်မံလာရောက်ပစ်ခတ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။